ဒုက္ခသည်ပြန်ပို့ရေး တိုးတက်မှုမရှိဟု ရှိတ်ဟာစီနာ ပြောကြား


2018.04.05
rohingya-refugees-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်မိသားစုကို တွေ့ရစဉ်
Photo: AFP

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ရှိတ် ဟာစီနာက သူတို့နိုင်ငံရောက် ရိုဟင်ဂျာ မွတ်စလင်တွေ နေရပ်ပြန်ပို့ရေးနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရနဲ့ သူတို့အစိုးရ ပူးပေါင်းကြိုးပမ်းနေပေမယ့်လည်း အခုအချိန်အထိ မြင်သာထင်သာ တိုးတက်မှုတော့ မရှိသေးဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဒါကာမြို့ကိုရောက်ရှိနေတဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အတွင်းရေးမှူးချုပ် Salil Shetty ဆလီ ရှက်တီနဲ့ မနေ့က တွေ့ဆုံစဉ် သူက အခုလိုပြောကြားခဲ့တာပါ။  အဲဒီ ရိုဟင်ဂျာ တစ်သန်းကျော်ရဲ့ ခန္ဓာဗေဒ အထောက်အထားတွေကို ကွန်ပြူတာနဲ့ စနစ်တကျ မှတ်ပုံတင်ထားပြီးဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် က ပြောပါတယ်။

AI အကြီးအကဲကလည်း ရိုဟင်ဂျာပြဿနာကို ဖြေရှင်းရေးအတွက် မြန်မာအစိုးရ အဓိကတာဝန်ရှိတယ် လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေကို သူသွားရောက်ကြည့်ရှုခဲ့ရာမှာ မြန်မာတပ်ဖွဲ့တွေ ရဲ့ နှိပ်စက်ညှဉ်းပန်းမှုခံခဲ့ရတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေဟာ အခုထိ စိတ်ဒဏ်ရာတွေ ခံစားနေရဆဲဖြစ်တယ် ဆိုတာကို တွေ့ရှိခဲ့ရကြောင်းလည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။