လူ့အခွင့်အရေးချိုးဖေါက်မှု ခိုင်မာစွာ စစ်ဆေးရန် ဂျပန်ဝန်ကြီးချုပ် ပြောကြား

2018-10-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဂျပန်ရောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး တို့ ၂၀၁၈ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ဆုံကြစဉ်
ဂျပန်ရောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး တို့ ၂၀၁၈ အောက်တိုဘာလ ၉ ရက်နေ့က တွေ့ဆုံကြစဉ်
Photo: Myanmar State Counsellor Office

ရခိုင်ပြည်နယ်အတွင်း လူအုပ်စုနှစ်ခုကြား တင်းမာမှုတွေ ဖြေလျှော့ရေးမှာ လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ စုံစမ်းစစ်ဆေးဖို့ အဓိကကျတယ်လို့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အဘေး က ပြောပါတယ်။

ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုခဲ့တာပါ။

ရခိုင်ပြဿနာဟာ အလွန်ပဲ ရှုတ်ထွေးလေးနက်လှပါတယ်၊ ဒီကိစ္စဖြေရှင်းရာမှာ မြန်မာရဲ့ အားထုတ်မှုတွေအပေါ် ဂျပန်နိုင်ငံက အတူ ပူးပေါင်းစဉ်းစားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတရပ်ရဲ့ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုဟာ အလွန်ပဲအရေးကြီးလှပါတယ်လို့လည်း ဂျပန်ဝန်ကြီးချုပ် က ပြော ပါတယ်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံအပြီး ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာကြမယ့် ဒုက္ခသည်တွေ နေရေးထိုင်ရေးနဲ့ ပတ်သက်ပြီး၊ ဂျပန်နိုင်ငံအနေနဲ့ မြန်မာကို အကူအညီတွေပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်အရေးမှာ သင့်မြတ်မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုအရေးကြီးကြောင်း၊ အစိုးရက ဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေးကော်မရှင်ဟာ လွတ်လပ်ပြီး ထိရောက်တဲ့အဖွဲ့ဖြစ်ကြောင်း၊ ဒုက္ခသည်တွေ ပြန်လာရေး အစီအစဉ်မှာ ဂျပန်နိုင်ငံရဲ့ အကူအညီအပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီအဖွဲ့မှာ ဂျပန်နဲ့ ဖိလစ်ပိုင်က နှစ်ဦး၊ မြန်မာဘက်က နှစ်ဦး ပါဝင်ပြီး၊ အားလုံးဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာရေးရာတွေမှာ ကျွမ်းကျင်သူတွေဖြစ်ကြတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

 

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Such cases are happening not only at Rakhine, but other places like Kachin, Chin, Kayin, Shan states too. Amazing and wonderful ideas and plan of Myanmar Army. So brutal !

Oct 10, 2018 02:00 AM

ဆိုက်တခုလုံးသို့