ရွှေညဝါဆရာတော်ကို ကျောင်းတိုက်က ထွက်ခွာရန် အမိန့်ထုတ်

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်ကို ကျောင်းသင်္ခမ်းက တစ်လအတွင်း ဖယ်ရှားဖို့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။

2012-01-19
Share
shwe-nya-wah-b305 ရွှေညဝါ ဆရာတော် ဦးပညာသီဟ
RFA

ဗဟန်းမြို့နယ် ကြားတောရလမ်း ရန်ကုန်တိုင်း သံဃာ့ မဟာနာယက အဖွဲ့ရံုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ ကြားနာပွဲမှာ ဆုံးဖြတ်ချက်ကို ဖတ်ပြခဲ့တာ ဖြစ်တယ်လို့ ရွှေညဝါ ဆရာတော်ကြီး ဦးပညာသီဟက အာအက်ဖ်အေကို မိန့်ကြားပါတယ်။

“ဒီကျောင်းတိုက်အတွင်းကနေ တစ်လအတွင်း ထွက်ပေးရမယ်လေ။ အဲဒါ ဆုံးဖြတ်ချက်ပဲ။ တိုင်းသံဃာ့နာယကအဖွဲ့က ဗဟိုက မဟာနာယကအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ဖတ်ပြပြီးတော့ ဆရာ့တော့် သဘောကို မေးတာပါ။ ဘုန်းကြီးကလည်း အဲဒါကို သဘောတူ လက်ခံလိုက်ပါတယ်”

သာဓုကျောင်းတိုက်က ထွက်ခွာပြီး ဘယ်ကျောင်းတိုက်မှာ ပြောင်းရွှေ့သီတင်းသုံးမလဲ ဆိုတာ လောလောဆယ် မဆုံးဖြတ်ရသေးဘူး လို့လည်း ရွှေညဝါ ဆရာတော်ကြီးက မိန့်ကြားပါတယ်။

ဒီကနေ့မှာတော့ သာဓု ကျောင်းတိုက်မှာ စာနယ်ဇင်းသမား အပါအဝင် ပြည်သူ ၆၀၀ လောက် စုဝေးခဲ့ကြတယ်လို့ သိရပါတယ်။

တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ရွှေညဝါ ဆရာတော်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အတွင်း မန္တလေးတိုင်း အန်အယ်လ်ဒီ ရုံးချုပ်ရဲ့ ဆွမ်းကပ်လှူပွဲမှာ “ပင်ဝါးရုံ”ဆိုတဲ့ သြဝါဒတရား ချီးမြှင့်ခဲ့တာကြောင့် သံဃာ့ မဟာနာယက အဖွဲ့က အခုလို အရေးယူ ဆောင်ရွက်ခဲ့တာပါ်။

ရွှေညဝါ ဆရာတော်ကို အာအက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် လျှောက်ကြား မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
သံဃာ့မဟာ နာယကအဖွဲ့က ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တခြား သံဃာတွေရဲ့အမြင်များကို မအင်ကြင်းနိုင်က စုစည်းတင်ပြပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Anonymous says:
2012-01-20 20:07

နိုင်ငံတော် သံဃာ့မဟာနယာက အဖွဲ့လည်း
စစ်အာဏာရှင်လိုပဲ အာဏာရူးတွေပဲလား .? .ဒါ
ဆို စစ်သင်တန်းတက်ပြီး ယူနီဖောင်းသာ ၀တ်
လိုက်တော့ .ဘုန်းကြီးလုပ်နေရင်လည်း အပိုပဲ
ပြည်သူ့ ဘက်ကမနေဘဲနှင့် ကိုးကွယ်နေရင်လည်း
ဘာမှမထူးဘူး .. ငရဲကြီးတယ် ....။

Anonymous says:
2012-01-19 16:09

1 yar; haw tae akyaung pya chet ta ku tae nae d lo lote tar so yin tot , ma phyit thint pr woo byar , dr so yin tot taw taw soe twar b

Anonymous says:
2012-01-19 14:14

Major persons & organizations on ShweNyaWar-Sayartaw's problem must help & support Sayartaw together with others.

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့