ရခိုင်မှာ ဘုန်းကြီးကျောင်း ၉ဝ နီး ပါး ပြန်ဆောက်ဖို့ သီတဂူ ဆရာတော် ကျပ်သိန်း ၈၀၀ ကျော် လှူဒါန်း

2015-08-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သီတဂူ ဆရာတော် အရှင်ဉာဏိဿရကကို ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်
သီတဂူ ဆရာတော် အရှင်ဉာဏိဿရကကို ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: သီတဂူအောင်သန်းဝင်း( Facebook )

ရခိုင်ပြည်နယ်အတွင်းက ရေဘေးကြောင့် ပျက်စီးခဲ့ရတဲ့ ဘုန်းတော်ကြီး ၈၆ ကျောင်း အတွက် သီတဂူ ဆရာတော် အရှင်ဉာဏိဿရက ငွေကျပ် သိန်းပေါင်း ၈၀၀ ကျော်ကို စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြု နိုင်ဖို့ ငွေကျပ် သိန်းပေါင်း ၄၀၀၀ ကျော်ကိုလည်း ရခိုင်ပြည်နယ်အစိုးရကနေ တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဆရာတော် အရှင်ဉာဏိဿရဟာ မနေ့က ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကို သွားရောက်ပြီး ရေဘေး သင့်ဒေသခံတွေအတွက် စားနပ်ရိက္ခာ တချို့လှူဒါန်းပေးခဲ့ သလို ဆရာတော်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း ရေဘေးသင့်မြို့နယ် ၆ ခု အတွက် ဆန်အိတ်ပေါင်း ၂၀၀၀ ကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (1)
Share

12345

နေရပ်- 09

မမှန်လို့ကို ငါနိုင်လာတာ ဘာမှလာမပြောနဲ့ မင်းတို့ရဲ့လုပ်ဇတ်ရပ်တန်းကမရပ်လျင် ကမ္ဘာမှာမြန်မာပျေက်ပြီသာမှတ် သိကြားကိုစော်ကား သိကြားဆိုတာ ဘုရားထက်မြတ်၏ သိကြားဥပဒေ ဘယ်ကောင်နားလည်သလဲ လွတ်လပ်ရေးဖခင်က သိကြားအကွက်နဲ့လွတ်လပ်ရေးယူပေးတာ

Aug 27, 2015 09:36 PM

အမည်မဖော်လိုသူ

အရူး ဘာ​တွေ​ကြောင်​​တောင်​၂​ရေး​နေတာလဲ
ဆရာ​တော်​က သာသနာပြန်​လည်​ထွန်းကားပြန့်​ပွား​အောင်​ လှူဒါန်းတာနဲ့ဘာဆိုင်​လို့လဲ။ ရွာသာကြီးကလွတ်​လာတယ်​ထင်​တယ်​။

Aug 28, 2015 05:52 AM

ဆိုက်တခုလုံးသို့