သန္တိသုခကျောင်းတိုက် အင်အားသုံး သိမ်းယူမှု မသင့်လျော်ကြောင်း သီတဂူဆရာတော်မိန့်ကြား

2014-06-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သီတဂူဆရာတော် အရှင်ဉာဏိဿရ
သီတဂူဆရာတော် အရှင်ဉာဏိဿရ
photo: www.dhammaweb.net

ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိသုခကျောင်း တိုက်ကို အင်အားသုံးချိတ်ပိတ်ပြီး ကျောင်းတိုက်တွင်းက သံဃာတော်တွေကို အဓမ္မခေါ်ဆောင်သွားတာဟာ သင့်လျော်မှုမရှိသလို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက်လည်း ထိခိုက်မှုဖြစ်မှာ စိုးရိမ်ကြောင်း သီတဂူ ဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားလိုက်ပါတယ်။

မနေ့ ညသန်းခေါင်အချိန်က ကျောင်းတိုက်ကို ရဲအင်အားနဲ့ဝိုင်းရံပြီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင်တွေက ကျောင်းကိုသိမ်းယူ ချိတ်ပိတ်ခဲ့တာနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ဆရာတော်က မိန့်ကြားခဲ့တာပါ။

"သာသနာရေးဌာနတို့ သံဃာ့မဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့ကထိန်းတယ်လို့ ဒီလိုထင်ပုံ ရတယ်၊ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာမရောက်ဘူး၊ လူတွေရဲ့ စိတ်နှလုံးကို ဆူပူအောင်လှုံ့ဆော်တာ နောက် တစ်ချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စ ဘုရားဟောပါဠိတော်ထဲမှာ မျက်မှောက် ရင်ဆိုင်တွေ့ဆုံပြီးတော့ ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အချိန် တိုက်တိုက် ဆိုင်ဆိုင် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော်မသင့်လျော်တဲ့ကိစ္စဖြစ်တယ်"

ဒါ့အပြင် သံဃာများ ရေစက်ချလှူဒါန်းထားတဲ့ ပစ္စည်းဥစ္စာကို အစိုးရက သိမ်းပိုင်ခွင့်မရှိသလို သံဃာ့မဟာနာယက အဖွဲ့ကလည်း သိမ်းပိုင်ခွင့်မရှိကြောင်း သံဃိတပစ္စည်းကို သံဃာကပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်။

သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့တို့အနေနဲ့  ခုလိုပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို  ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းသင့်တယ်လို့လည်း  ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆရာတော် ဦးပညာဝံသနဲ့ တပည့်တွေ ကို ကျောင်းတိုက်ကနေထွက်ပေးဖို့ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်က အဲဒီညွှန်ကြားချက်ကို လက်မခံဘဲ တရားဥပဒေကြောင်းအရ ဆောင်ရွက်ရင်လည်း ရင်ဆိုင်မယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဇွန်လ ၁၀ ရက် မနေ့ ညသန်းခေါင်မှာတော့ ကျောင်းတိုက်ကို အင်အားသုံး ချိတ်ပိတ်ပြီးတဲ့နောက် သီတင်းသုံးနေတဲ့ သံဃာအပါး ၂၀ ခန့်ကို ကမ္ဘာအေး သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။

သီတဂူဆရာတော် အရှင်ဉာဏိဿရကို RFA ဝိုင်းတော်သူ မခင်ခင်အိ လျှောက်ထားမေးမြန်းထား တာကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (6)
Share

(

ကုန်ကုန်ပြောရရင်..
အစိုးရသိမ်းယူပြီးကတည်းက...
မဟာသန္တိသုခကျောင်းတိုက်ကြီးမှာ မဟနက ခန့်ထားခဲ့တဲ တာဝန်ရှိအဖွဲ့တွေ ရဲ့..
တရားမဝင် ရပိုင်ခွင့်တွေဖြစ်တဲ့..မင်္ဂံလာခန်းမငှားခ...ရုပ်ရှင် ဆက်တင်ခန်းတွေငှားခ..
ဓာတ်ပုံ ဗီဒွီယိုရိုက်ကူးခ..စတဲ့ ပုံမှန်ဝင်ငွေရတဲ့ ကန်ထရိုက်လုပ်ငန်းတွေအပါအဝင်..
ကျောင်းတိုက်ကြီးအပေါ်မှာစိုက်ထူထားတဲ့
တာဝါတိုင် စိုက်ထူခတွေ အစရှိတဲ့ ကိစ္စတွေကအစ...
မျိုးမျိုးမြက်မြက်ရတာလေးတွေကို အမြဲတမ်း ရချင်နေတဲ့...သူတွေရဲ့ နောက်ကွယ်မှာလဲ..
အံ့မောင်ရှိနေတယ်..၊ အဲဒီတော့...
အဲဒီကျောင်းကို သိမ်းပြီပေါ့ဗျား..

Jun 14, 2014 11:05 AM

(

အံ့ပါရဲ့ အံ့မောင်ရယ်
လုပ်တော့ သာသနာရေးဌာန
နေတော့ ကမ္ဘာအေးအရပ်
ပြောတော့ သန်းရွှေသင်ပေးတဲ့အတိုင်း
ကြိုက်တဲ့တရားရုံးသွားတိုင် တဲ့
မင်းစားခဲ့တဲ့ ထမင်းတွေက ပြည်သူတွေကျွေးတဲ့ထမင်း
သန်းရွှေကျွေးထားတဲ့ထမင်းမဟုတ်ဘူးကွ
အဖေ့နေရာကို ပထွေးကို မပေးချင်စမ်းပါနဲ့
အံ့ပါရဲ့ အံ့မောင်ရယ်

Jun 14, 2014 11:04 AM

Myo Chit

နေရပ်- Myanmar

စစ်အာဏာ ရှင်တို့ရဲ့ ထုံးစံ အတိုင်း ညသန်းခေါင်လူခြေတိတ်ချိန် သက်သေ ပြမဲ့သူမရှိတဲ့ အချိန်မှာ လူမဆန်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးပါ။ အဲဒါကို သာသနာရေးက အရာရှိတွေက အရှက်မရှိ အဲဒီလုပ်ရပ်ဟာ တရားဝင်ကြောင်း သတင်းစာရှင်းပွဲလုပ်နေသေးတယ်။

Jun 12, 2014 07:27 AM

အမည်မဖော်လိုသူ

အာဏာ အလွဲသုံးစား လုပ်လာတာ အင်အားသုံး တာ အနိုင့်ကျင့် တာ။ပြည်သူ့ဘဏ္ဍာ တွေကိုအလကားယူတယ်ခိုး တယ် ဆိုတာ မြန်မာပြည် ယဉ်ကျေးမှု ဖြစ် နေ ပါတယ်။

Jun 12, 2014 05:52 AM

အမည်မဖော်လိုသူ

အာဏာ အလွဲသုံးစား လုပ်လာ တာ အင်အားသုံး တာ အနှစ် ၆ဝ ကျော် ။ပြည်သူ့ဘဏ္ဍာ တွေကိုအလကားယူတယ် ခိုး တယ် ဆိုတာ မြန်မာပြည် culture ဖြစ် နေ ပါတယ်။

Jun 11, 2014 10:42 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့