စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၁၇ဝ ကျော် ရေထဲမျှောပါ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တိုက်နယ်မှာရှိတဲ့ ဆိပ်ကမ်းသာရပ်ကွက်နဲ့ ရွာမရပ်ကွက်တို့မှာ အခုလ (၁၇) ရက်ကနေ့ စတင်ပြီး စစ်တောင်းမြစ် ကမ်းပါးပြိုကျမှု နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတဲ့အတွက် ဒီနေ့အထိ အိမ်ခြေ (၁၇ဝ)ကျော်ဟာ မြစ်ရေနဲ့ မျှောပါသွားတယ်လို့ သိရပါတယ်။

2012.11.25

လူဦးရေ (၄ဝဝ) ခန့်ဟာ အဲဒီမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ဘေးလွတ်ရာနေရာတွေမှာ ကြုံသလို ပြောင်းရွှေ့နေထိုင်နေရပြီး တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အတွက် ဒုက္ခရောက်နေတယ်လို့ အဲဒီဒုက္ခသည်တွေ အရေးဆောင်ရွက်ပေးပြီး ရန်ကုန်မြို့ကို ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ့လူမှုဖွံ့ဖြိုး တိုးတက်မှုကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က RFA ကို ပြောပါတယ်။

ဒေသခံတွေဟာ အဲဒီနေရာမှာ နေထိုင်လာခဲ့တာ နှစ်ပေါင်း (၃ဝ) နီးပါးရှိပြီလို့ သိရပြီး အရင်က အခုလို မြစ်ရေတိုက်စားမှုကြောင့် အိမ်တွေပြိုကျခဲ့တာ မရှိဖူးဘူးလို့ လည်းသိရပါတယ်။

အခုလို မြစ်ကမ်းပါးပြိုကျမှုဟာ စစ်တောင်းမြစ် ဒီရေတက်တဲ့ နေ့တွေမှာ ဖြစ်ပေါ်နေတာလို့လဲ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။