စစ်တွေမီးလောင်မှု နေအိမ် ၁၅ လုံးပျက်စီး


2018.05.15
sittwe-fire-622.jpg စစ်တွေမြို့ ဆတ်ရိုးကျမြို့သစ်အကွက်(၁)မှာ ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့က နေအိမ်တချို့ မီးလောင်ခဲ့စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျမြို့သစ်အကွက်(၁)မှာ ဒီနေ့မနက်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ နေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

နောက်ထပ် နေအိမ်နှစ်လုံးကိုလည်း မီးမကူးရအောင် ဖြိုဖျက်လိုက်ရတယ်လို့ ရခိုင်ပြည်နယ်မီးသတ်ဦးဌာန ညွှန်ကြားရေးမှူး ဦးသော်ဒါ က ပြောပါတယ်။

"ကျနော်တို့ရောက်ပြီးတော့ ၁၁း၃၁ မှာတော့ မီးသတ်ကားတွေ ထွက်ပါတယ်။ အဲမှာ ၁၁း၅၀ မှာ ဒီရောက်တဲ့ အချိန်မှာ မီးထိန်းနိုင်ပါတယ်။ ဘေးနှစ်ဘက်ကို မကူးအောင် ကျနော်တို့ ဆက်ထိန်းနိုင်ပါတယ်။ ၁၂း၁၀ မှာ မီးလုံးဝငြိမ်းပါတယ်။ မီးလောင်ဆုံးရှုံးသွားတာတော့ ၁၅ ပေ၊ ပေ ၃၀ အိမ်ခြေ ၁၅ လုံး လုံး၀ မီးလောင် ပြာကျသွားပါတယ်။ ကျန်တဲ့ ၁၅ ပေ၊ ပေ ၃၀ အဆောင် နှစ်ဆောင်ကတော့ ကျနော်တို့ မီးမကူးအောင် ဖျက်လိုက်တာဖြစ်ပါတယ်။ ပျက်စီးသွားတာ ၁၇ လုံးဖြစ်ပါတယ်"

မီးသတ်တပ်ဖွဲ့အင်အား ၇၀ လောက်နဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ စီစစ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တွေဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေကတော့ နီးစပ်ရာဆွေမျိုးတွေအိမ် မှာ နေထိုင်နေကြရပါတယ်။

ဒီနေ့မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ ဆတ်ရိုးကျမြို့သစ်အကွက်(၁)ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့ မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ပဋိပက္ခတွေကြောင့် နေအိမ်တွေမီးလောင်ဆုံးရှုံးခဲ့ကြရတဲ့ ဒုက္ခတွေကို ပြန်လည်နေရာချထားပေးတဲ့ ရပ်ကွက်တစ်ခုလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။