မြစ်ခြောက်စင်းမှာ ရေကြီးနိုင်တယ်လို့ သတိပေး


2019.07.11
myitkyina-flooding-622.jpg မြစ်ကြီးနားမြို့က ရပ်ကွက်တချို့မှာ ရေကြီးနေတာကို ၂၀၁၉ ဇူလိုင် ၁၀ ရက်နေ့ကတွေ့ရစဉ်
Photo: Citizen Journalist
မန်မာနိုင်ငံအထက်ပိုင်းတွေမှာ မိုးများတာကြောင့် ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်အပါအဝင် မြစ်ခြောက်စင်းမှာ ရေကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် ရခိုင်ပြည်နယ်တွေမှာ စတဲ့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ နောက် နှစ်ရက်အထိ မိုးများနိုင်တာကြောင့် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်အပါအဝင် မြစ်ခြောက်စင်းမှာ စိုးရိမ်ရေ မှတ်တွေကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီမြစ်ကြောင်းမှာရှိတဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ချင်းတွင်းမြစ်ကြောင်းမှာရှိတဲ့ ခန္တီး၊ ဟုမ္မလင်း၊ စစ်တောင်းမြစ်ကြောင်းမှာတော့ မဒေါက်၊ ကုလားတန်ဖြစ်ကတော့ ကျောက်တော်မြို့၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့တွေမှာ စိုးရိမ်ရေမှတ်တွေကို ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီနေ့မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဒီနေရာတွေမှာ ဇွန်လကစပြီး ရေကြီးရေလျှံမူများရှိခဲ့ပေမဲ့ ဒီနှစ်မှာမိုးမကောင်းတာကြောင့် ဇူလိုင်မှာမှ စပြီးရေကြီးတာလို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ရေကြီးနစ်မြုပ်တာတွေကြောင့် မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရတယ် လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က RFA ကို ပြောပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။