SNLD လွှတ်တော် အမတ်များ စွမ်းရည်မြှင့်တင်


2016.01.10

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကနေ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကို ပါတီဌာနချုပ်က မနက်ဖြန် ဇန်နဝါရီလ ၁၁ ရက်ကနေ ၁၃ ရက်နေ့ထိ သုံးရက်ကြာ စွမ်းရည်မြှင့် သင်တန်းပို့ချပေးသွားဖို့ရှိပါတယ်။

အဲဒီသင်တန်းကို တောင်ကြီးမြို့မှာ ကျင်းပမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင် က ပြောပါတယ်။

"အခု ကျနော်တို့ ပထမဦးဆုံးအနေနဲ့ တောင်ကြီးမြို့မှာ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်အားလုံးကို ဖိတ်ကြားထားပြီးတော့ ၃ ရက် သင်တန်းပို့ချဖို့ အစီအစဉ် ရှိပါတယ်၊ လုပ်မှာကတော့ နက်ဖြန်စပါမယ်၊ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ဖြစ်ပါတယ်"

လာမယ့် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားအခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဒီမိုကရေစီစနစ်နဲ့မကိုက်ညီတဲ့ ဥပဒေတွေ ပြင်ဆင်ရေးကို အဓိကထားလုပ်ဆောင်သွားဖို့အတွက် ပါတီက မူဝါဒချ မှတ်ထား ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးတို့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။