NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ ကိုယ်စားလှယ်တွေကို SNLD ညွှန်ကြားထား


2017.04.03
saikyawnyunt-620.jpg SNLD တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့်ကို ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zin Than/ RFA

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD လွှတ်တော် ကိုယ်စားလှယ် ၆ ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ SNLD တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။

SNLD က လစ်လပ်မဲဆန္ဒနယ် ၇ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရာ မိုင်းရှူးနဲ့ ကျေးသီးက နေရာ ၆ နေရာစလုံးမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ SNLD ကိုယ်စားလှယ်တွေကို ညွှန်ကြားထားတဲ့အကြောင်း ဦးစိုင်းကျော်ညွန့် က အခုလိုပြောပါတယ်။

"ကျနော်တို့ ပါတီအနေနဲ့ကတော့ ကိုယ်စားလှယ်တွေအားလုံးကို ညွှန်ကြားထားတာက အခုလက်ရှိ NLD အစိုးရနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့လည်း ညွှန်ကြားထာပါတယ်၊ နောက်တစ်ခုသေချာတာက ဒီမိုကရေစီကို ယုံကြည်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ယုံကြည်ပါတယ်ဆိုတဲ့ မည်သည့် အဖွဲ့အစည်းကိုမဆို ကျနော်တို့က လက်တွဲသွားမယ်ဆိုတာလည်း ကျနော်တို့ပါတီရဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်"

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီးနဲ့ ကျိုင်းတုံ မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်တစ်နေရာမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

NLD အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်ရှိချိန်မှာ တိုင်းရင်းသားဒေသတွေက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးဖို့ လိုကြောင်း ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ SNLD ပါတီအနေနဲ့ ပါတီရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။