တန်းတူညီမျှ အခွင့်ရဖို့ တိုင်းရင်းသားတွေ တောင်းဆို

2016-07-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကို တွေ့ရစဉ်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

တန်းတူညီမျှတဲ့ပြည်ထောင်စု၊ အခွင့်အရေးတူတဲ့ပြည်ထောင်စု၊ အာဏာတူတဲ့ပြည်ထောင်စုဖြစ်လာဖို့ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံက လုပ်ဆောင်ရမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ၂၁ ပင်လုံ ညီလာခံမှာတင်ပြမယ့် မှုဝါဒတွေနဲ့ ပတ်သက်ပြီး UNA အဖွဲ့ဝင်တွေ အစည်းအဝေးကျင်းပတဲ့ပွဲမှာ RFA က တွေ့ဆုံမေးမြန်းစဉ် ဦးစိုင်းညွန့်လွင် က ပြောတာဖြစ်ပါတယ်။

UNA အဖွဲ့ဝင်တွေအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် စတဲ့ မူဝါဒ ၉ ခုကို ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၂ ရက်ကြာ ဆွေးနွေးခဲ့တာဖြစ်ပြီး လာမယ့်၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်းသွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လာမယ့် ဇူလိုင်လ ၂၆ ရက်မှာ ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကိုလည်း UNA ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဦးစိုင်းညွှန့်လွင် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

 

ကွန်မင့်များ (2)
Share

ဦးစားပေးကိုအရင်လုပ်ပါ

အောက်ကတင်ပြတာကို သုံးသတ်ရလျှင်
ဖွဲ့ စည်းပုံအရ အားလုံးသည်တန်းတူအခွင့်
ရေးရှိပါသည်။သို့ သော် ချင်းနှင့် ရန်ကုန်
ချင်းနှင်ကချင် ကချင်နှင့်ရှမ်း ရှမ်းနှင့်ဧရာ
ဝတီဖွံဖြိုးမူတူမှာမဟုတ်ပါဖူး။ ရှိနေတဲ့ Resorces ပထဝီအနေအထား ထွက်သည့်
ထွက်ကုန် ထုတ်ကုန် စီးပွားရေးအကွက်အ
ကွင်းဖြစ်မူ စသည်တို့ အပေါ်မူတည်ပါသည်။
ရန်ကုန်မှာမရှိတာ ဧရာဝတီမှာရှိပီးဧရာဝတီ
မှာမရှိတာ မကွေး ရှမ်း ကချင်မှာရှိပါတယ်။
ဒါတွေမျှဝေသုံးစွဲဖို ဒေသအားလုံးငြိမ်းချမ်းဖို့ 
လိုပါသည်။ဒါကြောင့်ရှိပီးသားတန်းတူညီမျှမူ ကို ယခုလိုကျယ်လောင်စွာအော်နေမည့်အစား
အခရာကျသည့် လက်နက်ကိုင်ပဋိပက္ခအား
လုံး တဗိုလ်တမင်းများအားလုံးချုပ်ငြိမ်း
အောင်အရင်လုပ်ပါ။ယင်းရပီးနောက်တူ ညီ သည့်အခွင့်ရေးကအလိုလိုပါလာပီးသားပါ

Jul 25, 2016 11:26 PM

အဓိကကိုမြင်ပါ

နားလည်သလောက်ပြည်နယ်တိုင်းဒေသကြီးတွေက တူညီတဲ့ အခွင့်ရေးတွေရှိပီးသားပါ။ပြည်နယ်တိုင်းတခုခြင်းမှာအရင်းမြစ်မတူညီတာရယ်လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတာရယ်သက်ဆိုင်ရာတိုင်းဒေသကြီးတွေရဲ့ လူ့  စွမ်းအားအရင်းအမြစ်ကစွမ်းဆောင်နိုင်ရည်အားနဲတာရယ်။ဗဟိုနဲ့ တိုင်းဒေသကြီးတွေမှာ စီမံခန့် ခွဲမူအားနဲတာ ရယ်စသည်တို့  ကြောင့် ဖွံဖြိုးမူကွာသွားသလိုဖွံဖြိုးမူလည်းမတူနိုင်ပါဖူး။ယခုချိန်ရှမ်းပြည်နယ်တခုလုံးဘာလက်
နက်ကိုင်မှာမရှိပဲအထက်ကအားနဲချက်တွေ
အားကောင်းသွားရင်အရမ်းတိုးတက်သွားမှာပါ။ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခရှိနေသမျှ ဘယ်လောက်ပဲတန်းတူရှိပါစေတိုးတက်လာ
မှာမဟုတ်ပါဖူး။အဓိကကိုမြင်ပါ။

Jul 22, 2016 09:16 PM

ဆိုက်တခုလုံးသို့