ဗေဒါသင်တန်းကျောင်း နေရာရွှေ့ပြောင်းဖို့ ဖိအားပေးခံရ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ် ကွန်ယက် ဖွဲ့စည်းရေးလမ်းညွှန်မှုနဲ့ လူငယ်ကွန်ယက် ချိတ်ဆက်မှုအရ ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဖွင့်ထားတဲ့ ဗေဒါသင်တန်းကျောင်း BAYDA Institute ကို နေရာပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ သိရပါတယ်။
2011-02-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်၊ စိတ္တသုခလမ်း အမှတ် ၂၃ မှာ ဖွင့်လှစ်ထားတဲ့ အဲဒီ ဗေဒါသင်တန်းကျောင်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်တယ်ဆိုပြီး သက်ဆိုင်ရာက ခြိမ်းခြောက် ပြောဆိုလာတဲ့အတွက် ကျောင်းကို နေရာပြောင်းရွှေ့ပေးဖို့ အခန်းရှင်တွေက မနေ့က ငိုယိုပြီး လာပြောတယ်လို့ ကျောင်းအုပ် ဦးမျိုးရန်နောင်သိန်းက ပြောကြားပါတယ်။

လူငယ်ကွန်ယက်ဖွဲ့ရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ပြီးခဲ့တဲ့လ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ Nation Youth Network နဲ့ ချိတ်ဆက်ထားတဲ့ အစုအဖွဲ့ ၁ဝ၄ ဖွဲ့မှာ ဗေဒါသင်တန်းကျောင်းလည်း တခု အပါအဝင် ဖြစ်ပါတယ်။

မစ္ဇျိမ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီသင်တန်းကျောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပထမဆုံး သင်တန်းကို နိုင်ငံတကာ ဆက်ဆံရေးပညာ မိတ်ဆက်ဘာသာရပ်နဲ့ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလ ၄ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယမြောက် သင်တန်းဆင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အားပေးစာ ပေးပို့ခဲ့ပြီး၊ ဒု- ဥက္ကဋ္ဌ ဦးတင်ဦးက ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

အခုအခါမှာ လူမှုဆက်ဆံရေး ဘာသာရပ်၊ ကမ္ဘာ့ပြဿနာများ၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာမှုနဲ့ အခြေခံ အင်္ဂလိပ်စာ ဘာသာရပ်တွေကို သင်ကြားပေးနေပြီး အခုအချိန်အထိ သင်တန်းတက်ရောက်သူ ၁ ရာ ရှိသွားပြီလို့ သိရပါတယ်။

ဆိုက်တခုလုံးသို့