မန္တလေးမြို့၊ ၇၄ လမ်း၊၃၇ လမ်းနဲ့ ၃၈ လမ်းကြားက ဆူးလေဗလီဝင်းအတွင်း စစ်ကောင်စီတပ်တွေက ဒီကနေ့ မနက် ၁၁ နာရီလောက်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် တစ်ယောက်သေဆုံးခဲ့ပြီး နှစ်ယောက်ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြတာလည်းမရှိပါဘူး။ စစ်ကားလာရောက်တဲ့အချိန်မှာ ဝင်ပြေးကြတာတော့ရှိတယ်။ အဲဒါကို ဝင်းထဲထိ လိုက်ပစ်တာပါ။ အခုသေဆုံးသူက နောက်ကနေပစ်ခံလိုက်ရတာ။ ညာဘက်ရင်ဘတ် ထိသွားတယ်လို့ လူမှုကူညီရေးလုပ်ဆောင်ပေးနေသူတစ်ယောက်က ပြောပါတယ်။ သေဆုံးသူဟာ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း စစ်ကောင်စီတပ်တွေဟာ ဗလီဝင်းအတွင်း ဝင်ရောက်ပစ်ခတ်တာနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။