ဒုတိယ ကမ္ဘာစစ် လက်ကျန်တိုက်လေယာဉ်များ ဗြိတိန်ကို ပြန်ပို့မည်

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာမှာ သိုဝှက်ထားခဲ့တဲ့ တိုက်လေယာဉ်တွေကို ဗြိတိန်နိုင်ငံကို ပြန်လည်ပေးပို့ဖို့ အစိုးရချင်း သဘောတူညီခဲ့ကြပါတယ်။

2012.04.14

မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းနဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့စဉ်အတွင်း အဲဒီသမိုင်းဝင် တိုက်လေယာဉ်တွေကို ပြန်လည်ရှာဖွေပေးပို့ဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တပ်တွေအဝင် ၁၉၄၅ ခုနှစ် နွေရာသီမှာ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်ရဲ့ အမိန့်နဲ့ ဗြိတိသျှစစ်တပ်က Spitfires အမျိုးအစား တိုက်လေယာဉ် အသစ်အစီး (၂၀) ကို ဂျပန်စစ်တပ်တွေ မသိမ်းယူနိုင်အောင် မြေမြှုုပ်သိုဝှက်ထားခဲ့ပါတယ်။

အခုအခါ ဗြိတိန်နိုင်ငံ Leeds တက္ကသိုလ်က ကျွမ်းကျင်သူတွေနဲ့ ရန်ကုန်အခြေစိုက် မြန်မာပညာရှင်တစ်ဦးတို့ ပူးပေါင်းပြီး ရေဒါနည်းစနစ်တွေနဲ့ လေယာဉ်တွေ သိုဝှက် မြှုုပ်နှံထားတဲ့နေရာကို ရှာဖွေခဲ့ကြရာမှာ အဲဒီနေရာကို သိရပြီလို့ ယုံကြည်ရပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းက Spitfires အမျိုးအစား တိုက်လေယာဉ် စီးရေ နှစ်သောင်းတစ်ထောင်လောက် ထုတ်လုပ်ခဲ့ရာမှာ အခုအခါ (၃၅) စီးလောက်ပဲ မောင်နှင်ပျံသန်းလို့ရတဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-17 04:07

လေယာဉ်ပဲဆိုတာသေချာပါရဲံလား အင်္ဂလိပ်ကလည်းတော်တော်ဥာဏ်များပါတယ် ရတနာပစ္စည်းတွေပါသယ်ချင်တာမှားလား မြန်မာတို့ရဲ့ပြည်တန်ပတ္တမြားတောင် ဘုရင်မကြီးရဲ့သရဖူမှာလို့ပြောနေကြတာ ဟင်း ဘာတွေများလိုချင်တာပါလိမ့် သင်လို့ရပြီဆိုတာနဲ့စပြီ တို့ဗမာကလည်း အပေးအကမ်းရက်ေ၇ာတာနဲ့တော့အံကိုက်ပဲ

Anonymous
2012-04-17 04:14

မြန်မာမှာတွင်းထွက်တွေအများကြီးရှိတာဒီကောင်တွေသိတယ် ခေတ်ကလည်းအရမ်းတိုးတက်နေတာလေ ကမ္ဘာကိုတောင်နယ်ချဲ့လာတဲ့ကောင်တွေပါကိုယ်ကျိုးမမြတ်ရင်ဘာမှမလုပ်တက်ကြပါဘူး

Anonymous
2012-04-15 19:14

ခံပြင်းလို့ဝင်ရေးမိတာပါ။