ဆရာတော် ဦးဝီရသူကို မပင့်ဖိတ်ရေး သီရိလင်္ကာ မွတ်စလင်ကောင်စီ တောင်းဆို

2014-09-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်ကို မတ်လ ၁ဝ ရက်နေ့ က ရောက်ရှိလာတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်ကို မတ်လ ၁ဝ ရက်နေ့ က ရောက်ရှိလာတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူကို တွေ့ရစဉ်
photo: Min Thein Aung/RFA

သီရိလင်္ကာနိုင်ငံမှာ စက်တင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့ မှာ ကျင်းပမယ့် မဟာသံဃာ့ကောင်စီ ညီလာခံ မှာ မြန်မာနိုင်ငံက အမျိုးသား ဘာသာသာသနာအဖွဲ့က ဆရာတော်ဦးဝီရသူကို ပင့်ဖိတ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် သီရိလင်္ကာ မွတ်စလင်ကောင်စီက စိုးရိမ်ပူပန်ကြောင်း ပြောကြား လိုက်တယ်လို့ သိရပါတယ်။

သီရိလင်္ကာသမ္မတ မဟိန္ဒာ ရာဂျာပက်စေထံ လိပ်မူပြီး ရေးသားထားတဲ့ပေးစာမှာ မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာအောင် လှုံ့ဆော်သူလို့ ထင်ရှားသူတစ်ဦးကို သီရိလင်္ကာမြေပေါ်ကို ဖိတ်ခေါ် တာမျိုးဟာ သီရိလင်္ကာနိုင်ငံက ငြိမ်းချမ်းရေးနဲ့ အတူ ယှဉ်တွဲနေထိုင်ရေးကို ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ သီရိလင်္ကာ မွတ်စလင်ကောင်စီက ထောက်ပြ ကန့်ကွက်ထားပါတယ်။

သီရိလင်္ကာက မွတ်စလင်ဆန့်ကျင်ရေး ဘုန်းတော်ကြီးများအဖွဲ့ Bodu Bala Sena က ဘုန်းတော်ကြီး ဂဏစာရ သီရို Gnanasara Thero နဲ့ အရှင်ဝီရသူတို့ရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ လအနည်းငယ်က စတင်ခဲ့တယ်လို့လည်း ပေးစာမှာဖော်ပြထားပါတယ်။

ကွန်မင့်များ (1)
Share

Kyaw

နေရပ်- U.S.A

We are definitely so many different between Buddhism and Islimism. The Buddha teach non-violet and Mid-Way, Mohammed teach to kill unbeliever (Jhad War). I have read and watched both U Wirathu's explanation and his writing articles are telling the "TRUTH" --what happen in detail cases.Some Islimic terrorists and some currupt media, including Newyork Time and Time Magazine accused as "Hate Speech" and "Buddhist Terror." This is absolutely wrong and who write articles against Buddhism, they violet the rules of journalist and journalism. Buddhism is peace religion which never threaten world peace and security.

Sep 27, 2014 01:42 PM

ဆိုက်တခုလုံးသို့