ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းလားမြို့ အခြေစိုက် ခလရ (၃၂၅) စစ်ကြောင်းနဲ့ SSA ရှမ်းပြည် မြောက်ပိုင်း တပ်တို့ ဒီကနေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
2011-07-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်း-မြန်မာနယ်စပ်၊ ဒွိုင်တလန် စခန်းတွင် စစ်လေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
ထိုင်း-မြန်မာနယ်စပ်၊ ဒွိုင်တလန် စခန်းတွင် စစ်လေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး SSA (မြောက်ပိုင်းတပ်) ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက RFA ကိုပြောပါတယ်။

“ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ထဲကပေါ့။ မိုင်းလားဆိုတာ သူတို့တပ်စခန်းရှိတယ်။ အဲဒီတပ် ခလရ (၃၂၅) ချီတက်နေတုန်း ကျနော်တို့က ချုံခို တိုက်တယ်။ အဲဒီ ခလရ (၃၂၅) နဲ့ ကျနော်တို့ SSA တပ်မဟာ ၃၆ လက်အောက်ခံ တပ်နဲ့ ဒီနေ့နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်ခင်ဗျ။ ခလရ (၃၂၅) က တယောက်ကျတယ်။ ၅ ယောက်လောက် ဒဏ်ရာရတယ်။ ကျနော်တို့ဖက်က ထိခိုက်မှု မရှိဘူး”

အဲဒီ တိုက်ပွဲဟာ ရှမ်းပြည် အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်နမိတ် ဒေသမှာဖြစ်ပြီး အစိုးရတပ်သား အကျအဆုံးနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြု နိုင်သေးပါဘူး။

SSA မြောက်ပိုင်းတပ်ရဲ့ ဝမ်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရ တပ်တွေ ဝိုင်းထားချိန်မှာ SSA တပ်တွေနဲ့ အစိုးရတပ် နှစ်ဖက်ကြား ကြိုကြားကြိုကြား တိုက်ပွဲငယ်တွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့