ရှမ်းပြည်နယ်မှာ တိုက်ပွဲဖြစ်ပွား


2013.05.09

မြန်မာအစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA/RCSS တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ ဒီကနေ့တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ဝှမ်းအခြေစိုက် ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA/RCSS တပ်မဟာ(၇၀၁)ရဲ့ တပ်စခန်းကို မြန်မာစစ်တပ်၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အဲဒီတိုက်ပွဲမှာရှိနေတဲ့ ၇၀၁ တပ်မှူး ဒုတိယဗိုလ်မှုးကြီး ဇွန်မိန်းက ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး တရုတ်ပြည်ဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ခုနောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအနေနဲ့ ရွှေလီမြစ်ဝှမ်းမှာရှိတဲ့ တပ်မဟာ (၇၀၁) တပ်စခန်းကို ဒီကနေ့ညနေပိုင်းမှာ ဆုတ်ပေးလိုက်ရပြီး၊ တိုက်ပွဲတွေအတွင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်းက တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရရှိကြောင်း သိရပါတယ်။

မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးစာရင်းတော့ မသိရသေးပါဘူး။

တိုက်ပွဲနောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုရဲထက် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

SSA/RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်က ဗိုလ်မှူးချုပ် စိုင်းလူးကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။