အပစ်ရပ်ထားတဲ့ကြားက SSA တောင်ပိုင်းနယ်ထဲ အစိုးရတပ် ဝင်တိုက်

အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ကြားက ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-South နယ်မြေတွေ အတွင်းမှာ အစိုးရတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ၁၃ ကြိမ်ရှိသွားပြီလို့ SSA-တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

2012.03.13
ssa-training-hq305.jpg SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းတွင် ၂၀၀၃ ခုနှစ် နိုဝင်ဘာလက SSA နှင့် မဟာမိတ် တိုင်းရင်းသား တပ်ဖွဲ့ ၆ ဖွဲ့တို့၏ ပထမဆုံး ဗိုလ်လောင်းသင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားသို့ ချီတက်လာကြသော တပ်ပေါင်းစုကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA
RFA

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က SSA တောင်ပိုင်း ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းဘက်မှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အခုလို အစိုးရတပ်ဖွဲ့တွေရဲ့ စစ်ရေး ဖိအားပေးမှု များလာတဲ့အတွက် ကိုယ့်ကို တိုက်ခိုက်လာရင် ပြန်ပြီး ခုခံစစ်ဆင်နွှဲသွားဖို့ အောက်ခြေတပ်တွေကို ညွှန်ကြားထားကြောင်း ပြောပါတယ်။

SSA တောင်ပိုင်းးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်က မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပါတယ်။ သဘောတူခဲ့စဉ်က နယ်မြေဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ ပါရှိပါတယ်။

ဦးအောင်မိုးမြင့်က အပြည်အစုံ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။