သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-30
လက်ပန်းတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
2012-11-30
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာနဲ့အရေးပေါ် အကူအညီအဖွဲ့ အကြီးအကဲ ဒုတိယ အတွင်းရေမှူးချုပ် မစ္စ ဗယ်လရီ အားမိုးစ် (Valerie Amos) ဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံကို ဒီဇင်ဘာလ ၂ရက်နေ့ကနေ ၈ရက်အတွင်း လှည့်လည်သွားရောက်မယ်လို့ သတင်းရရှိပါတယ်။
2012-11-30
လက်ပန်းတောင်းတောင်အရေး ဆန္ဒပြဒေသခံတွေကို လုံထိန်း တပ်ဖွဲ့တွေက မနေ့က အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် သံဃာ အပါး ၇ဝကျော်နဲ့ လူပုဂ္ဂိုလ် ၅ဝကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှာ သံဃာ ၂၇ပါးနဲ့ သံဃာဆေးရုံကြီးမှာ ၅၂ပါး ဆေးကုသမှု ခံယူနေရကြောင်းသိရပါတယ်။
2012-11-30
မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီနဲ့ ဝမ်ပေါင် ကုမ္ပဏီတို့အကြား ပူးပေါင်းလုပ်ကိုင်နေတဲ့ မုံရွာ-လက်ပန်းတောင်း ကြေးနီစီမံကိန်းကို အဆင်ပြေစွာ ဆက်လက်အကောင်အထည်ဖော်ဖို့ ရန်ကုန်မှာရှိတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ကြေညာချက် ထုတ်ပြန်ပြီး ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
2012-11-30
မြန်မာအစိုးရ ရဲတပ်ဖွဲ့တွေရဲ့ လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုမှာ ဒဏ်ရာရပြီး မုံရွာဆေးရုံမှာ ကုသခံနေရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို သီတဂူဆရာတော် အရှင် ဉာဏိဿရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ သွားရောက်တွေ့ဆုံအားပေးပြီး သူတို့လိုအပ်မယ့်ဆေးဝါးနဲ့ ပစ္စည်းတွေအတွက် အကူအညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
2012-11-30
ဝါရင့်နိုင်ငံရေးသမား ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ပထမအကြိမ် နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမမှာ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်။
2012-11-30
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ရဟန်းရှင်လူတွေကို အကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် စာသင်သား မြန်မာသံဃာတော် အပါး(၈ဝ)ခန့်က ဒီကနေ့မွန်းလွဲ(၁)နာရီကျော်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ နာရီဝက်ကြာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။
2012-11-29
မြန်မာနိုင်ငံကို တရားမဝင်တင်ပို့မယ်လို့ ယူဆရတဲ့ နူကလီယား အနုမြူအစီအစဉ်မှာ သုံးစွဲနိုင်တဲ့ပစ္စည်းတချို့ကို ဂျပန်နိုင်ငံရောက် မြောက်ကိုရီးယား သင်္ဘော တစ်စီးပေါ်ကနေ တွေ့ရှိတဲ့သတင်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် တစ်ယောက် က သမ္မတ ဦးသိန်းစိန်ဆီကို စာရေးသားမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
2012-11-29
မန္တလေးမြို့က သံဃာတော်တွေဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို လုံထိန်းတပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွဲခဲ့လို့ သံဃာတော်တွေ ဒဏ်ရာရရှိခဲ့ကြတာနဲ့ ပတ်သတ်ပြီး မန္တလေးဘုရားကြီးဝင်းအတွင်းမှာ သံဃာအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး သံဃာတော်ထိုင်သပိတ် စတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ ဦးဆောင်သံဃာတော်တွေက ဆိုပါတယ်။
2012-11-29
နိုဝင်ဘာ၂၉ ရက်နေ့ မနက်က လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒ ထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ ဓာတုဗေဒဗုံးနဲ့မီးလောင်ဗုံးတွေ အသုံးပြုခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အဓိကရုဏ်းတွေကို နှိမ်နှင်းရာမှာ အသုံးပြုတဲ့ သာမန် မျက်ရည်ယိုဗုံးကိုသာ အသုံးပြုခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှုး ဗိုလ်မှုးကြီးယုလွင်ကို RFA ကသီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်ပါတယ်။
2012-11-29
မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေကြတဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကြာသပတေးနေ့ မနက် (၃) နာရီဝန်းကျင် အချိန်က ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့ပါတယ်။
2012-11-29
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို့ ယုံကြည်ရတဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။
2012-11-29
လက်ပန်းတောင်း အရေးကို ပြေလည်စွာ ဖြေရှင်းပေးမယ် လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်း ဒေသခံပြည်သူများနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
2012-11-28
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်ဆိုင်းမှသာ သပိတ်စခန်းတွေကို ရုပ်သိမ်းသွားမယ် လို့ ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းရေး ဦးဆောင်လှုပ်ရှားသူတွေက RFA ကို ပြောပါတယ်။
2012-11-28
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ ဒေသခံ (၃ဝ) ကျော်ဟာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။