သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-21
မြန်မာအစိုးရ GE စစ်အင်ဂျင်နီယာတပ် ဝန်ထမ်း ၃ ဦးကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အခြေစိုက် အာရကန် ရိုဟင်ဂျာ အမျိုးသား အစည်းအရုံး ARNO က ဖမ်းဆီးထားတယ်လို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံ မောင်တောမြို့နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတက္ကနက်မြို့တို့အကြား နေ့ချင်းပြန်သွားလာမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး မြန်မာဘက်က အကန့်အသတ်မရှိ ပိတ်ဆို့လိုက်တယ်လို့ သိရပါတယ်။
2012-11-20
ကုလသမဂ္ဂ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂ HIV နဲ့ AIDS ကူးစက်ပျံ့ပွားမှု တားဆီးရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးအဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။ HIV/ AIDS ရောဂါ ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ခန့်အပ်တာဖြစ်ပါတယ်။
2012-11-20
မြန်မာအစိုးရက ဝန်ကြီးဌာနတွေ အလွဲသုံးစားလုပ်ထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာန ၁၅ ခု က အမေရိကန်ဒေါ်လာ ၆၅ သန်းပမာဏ အလွဲသုံးစားလုပ်ထားခဲ့ကြောင်း လွှတ်တော်မှာ စာရင်းစစ်ချုပ်က အစီရင်ခံခဲ့ပြီးတဲ့နောက် အဲဒီအမိန့်ထွက်လာတာဖြစ်ပါတယ်။
2012-11-20
ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း ပြစ်မှုကျူးလွန်ခဲ့သူတွေကို ဥပဒေအရ စစ်ဆေးဆောင်ရွက်မှုတွေ စတင်နေပြီလို့ ပြည်ထောင်စု အစိုးရ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက RFA ကိုပြောပါတယ်၊
2012-11-20
မြစ်သာယူနတီလို့ အမည်ပေးထားတဲ့ ရေနံ အလုပ်သမားသမဂ္ဂကို ကလေးမြို့တောင်ပိုင်းဒေသမှာ တည်ရှိတဲ့ သဒွတ်ချောက်ရေနံမှော်ထဲမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ကော်မီတီအဖွဲ့ဝင် ၃၀ နဲ့ ယာယီ ဖွဲ့စည်းလိုက်ကြပြီး၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ဖြန်မှာ အလုပ်သမားဝန်ကြီး ဌာနမှာ မှတ်ပုံတင်တော့မယ်လို့ သိရပါတယ်။
2012-11-20
မြန်မာအစိုးရရဲ့ နိုဝင်ဘာလ ၁၉ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပြန်လည် လွတ်မြောက်လာတဲ့ ဦးမြင့်အေး အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့က နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းမပေါ်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2012-11-20
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ဒေသခံ ကျောက်လုပ်သူတွေရဲ့ နစ်နာမှုတွေကို အစိုးရ တာဝန်ရှိသူတွေထံ တင်ပြဆွေးနွေးရာမှာ အစိုးရ တာဝန်ရှိသူတွေက တောင်းဆိုချက်တွေထဲက တစ်ချို့ကို လိုက်လျောလိုက်ပါတယ်။
2012-11-19
မြန်မာနိုင်ငံကို သမိုင်းဝင် ခရီးစဉ် အဖြစ် ရောက်လာတဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အရှိန်အဟုန်နဲ့ဆက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။
2012-11-19
မြန်မာနိုင်ငံကို အမေရိကန်သမ္မတ အိုဘားမား ပထမဆုံး အကြိမ် ရောက်ရှိနေတဲ့ နိုဝင်ဘာလ ၁၉ရက်နေ့မှာပဲ သမ္မတဦးသိန်းစိန်က အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၂ ဦးလောက်ပါတယ်လို့ သိရပါတယ်။
2012-11-19
တိုင်းရင်းသားပါတီ ၇ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ UNA ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ သမ္မတအိုဘားမားနဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။
2012-11-19
မိမိရဲ့မြန်မာပြည် ခရီးစဉ်ဟာ လက်ရှိ မြန်မာအစိုးရ ကို ထောက်ခံကြော်ငြာပေးဖို့ မဟုတ်ကြောင်း အမေရိကန် သမ္မတ အိုဘားမား က မနေ့က ပြောလိုက်ပါတယ်။
2012-11-18
အမေရိကန်သမ္မတ အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ် မတိုင်ခင် မနေ့က အမေရိကန် လွှတ်တော်အမတ်တွေက အိုဘားမား ဆီကို မြန်မာပြည် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး စတာတွေနဲ့ပတ်သက်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။
2012-11-18
ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေအတွင်း တစ်ချို့ဖြစ်ရပ်တွေမှာ ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့တစ်ချို့က မူဆလင်တွေကို သတ်ဖြတ်မှုတွေ ရှိခဲ့ကြောင်း၊ မီးလောင်ရာ ကျေးရွာတွေက ထွက်ပြေး သူတွေကိုလည်း တိုက်ခိုက်မှုတွေရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖေါ်ပြလိုက်ပါတယ်။
2012-11-18
မြန်မာအစိုးရ အကောင်အထည်ဖေါ်မယ့် စီးပွားရေး စီမံကိန်း ၃ ခုအတွက် ဂျပန်အစိုးရက ချေးငွေ အမေရိကန်ဒေါ်လာ ၆၁၅ သန်း ပေးသွားမယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့က အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။
2012-11-18
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ တူးကုန်းကျေးရွာအုပ်စုမှာရှိတဲ့ မိုးထိ မိုးမိတောင်က ထောင်နဲ့ချီတဲ့ ရွှေတူးလုပ်သားတွေဟာ သူတို့တောင်းဆိုတဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် နေပြည်တော်မှာရှိတဲ့ သမ္မတ အိမ်တော်အထိ ရန်ကုန်မြို့ကနေ ချီတက်လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှုဟာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့အထိ ရောက်ရှိနေပြီလို့ သိရပါတယ်။