သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-22
ဧပြီလ ၂၃ ရက် မနက်ဖြန်မှာ ပြန်လည်စတင်မယ့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
2012-04-21
မြန်မာအစိုးရသစ်ရဲ့ ငွေကြေးလဲလှယ်မှုစနစ် ပြုပြင် ပြောင်းလဲလိုက်တဲ့ အပေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde က ချီးမွမ်းစကား ဆိုလိုက်ပါတယ်။
2012-04-21
အာရှတိုက်တလွှားက လူ့အခွင့်အရေးဆိုင်ရာ သတင်းပေးပို့ချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ အာရှအသံ ( Radio Free Asia ) အပါအဝင် AFP၊ CNN၊ Al Jazeera၊ Time မဂ္ဂဇင်း စတဲ့ သတင်းဌာန (၉) ခုကို လူ့အခွင့်အရေး သတင်းဆု ချီးမြှင့်လိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းအဖွဲ့ကြီး တစ်ခုက စနေနေ့က ကြေညာလိုက်ပါတယ်။
2012-04-21
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ လွှတ်တော်တွင်း ကျိန်ဆိုရမယ့် ကျမ်းသစ္စာ အသုံးအနှုန်း ပြုပြင်ပြောင်းလဲပေးဖို့ အဆိုကို မနက်ဖြန် တနင်္လာနေ့မှာ စတင်ကျင်းပမယ့် တတိယအကြိမ်မြောက် လွှတ်တော် အစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အာအက်ဖ်အေကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2012-04-21
မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၀၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်းပေါင်း သုံးထောင့် ခုနှစ်ရာကို လျှော်ပစ်လိုက်ပြီလို့ ဂျပန်အစိုးရက ဒီကနေ့ ကြေညာလိုက်ပါတယ်။
2012-04-21
မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဝှမ်းဒေသ ၅ နိုင်ငံကို ဂျပန်နိုင်ငံက ဒေါ်လာ ၇ ဘီလျံကျော်ဖိုး ထောက်ပံ့ ကူညီမယ်လို့နှစ်ဘက်အစိုးရတွေက ကြေညာလိုက်ပါတယ်။
2012-04-21
ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင် ဖတ်တနာ ပင်လယ်အစားအစာ စက်ရုံက မြန်မာ အလုပ်သမားအရေး ကိစ္စကို ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက သံမှူးကြီး ဦးမျိုးတင့်၊ အလုပ်သမားရေး တာဝန်ခံနဲ့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက သွားရောက် ညှိနှိုင်းပေးခဲ့ရာမှာ အဆင်ပြေ သွားပြီလို့ သိရပါတယ်။
2012-04-20
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ မဲခေါင်ဒေသ (၅) နိုင်ငံ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့၊ စီးပွားရေးနဲ့ စက်မှုလုပ်ငန်း တိုးတက်ထွန်းကားအောင် အကူအညီပေးကြဖို့ ဂျပန် လုပ်ငန်းရှင်တွေကို ပန်ကြားလိုက်ကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြပါတယ်။
2012-04-20
တစ်ချိန်က စစ်အာဏာရှင် စိုးမိုးအုပ်ချုပ်ပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုအခါ ကမ္ဘာလှည့်ခရီးသွားတွေ စုပြုံဝင်ရောက်နေတဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။
2012-04-20
မြန်မာအစိုးရ အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်ဆိုရင် အီးယူအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို လွတ်လွတ်ကျွတ်ကျွတ် ရုပ်သိမ်းပေးနိုင်တယ်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။
2012-04-20
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာယီ ပတ်စ်ပို့စ် ထုတ်ပေးရေးရုံး (၂) ရုံးကို ဘန်ကောက်နဲ့ စမုတ်ပရာကန်တို့မှာ သက်ဆိုင်ရာက ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။
2012-04-20
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ လက်ရှိ The Elders အဖွဲ့မှာ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်နိုင်ငံရေးထဲ မကြာခင် ဝင်ရောက်တော့မှာ ဖြစ်တာကြောင့် The Elders အဖွဲ့ရဲ့ မူဝါဒစည်းမျဉ်းအရ အဲဒီနေရာကနေ အနားယူရတော့မှာ ဖြစ်တယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-04-20
ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကျမ်းကျိန်ဆိုရမယ့် စာသားနဲ့ ပတ်သက်လို့ သက်ဆိုင်ရာနဲ့ သဘောတူညီချက် မရသေးတဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဧပြီလ ၂၃ ရက်နေ့မှာ ပြုလုပ်မဲ့ လွှတ်တော်ပုံမှန် အစည်းအဝေးတွေကို တက်ရောက်ဖို့ မသေချာတော့ကြောင်း NLD က ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2012-04-20
အဓမ္မ စစ်မှုထမ်းနေရတဲ့ အသက် ၁၅ နှစ်ကျော် ၁၀ တန်းကျောင်းသား မောင်ဆန်းယုနိုင်ကို မိဘအပ်ထိန်းသူတွေက စစ်လေ့ကျင့်ရေးကျောင်းမှာ ရှာလို့တွေ့ပေမယ့် အိမ်ပြန်ခေါ်တာကို စစ်တပ်က ခွင့်မပြုဘူးလို့ သိရပါတယ်။
2012-04-20
တရုတ် မြန်မာနယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင်ဂိတ်မှာ ဧပြီ ၂၀ ရက်နေ့ ဒီကနေ့ မနက် ၅ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ ဂိတ်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။