သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-28
ထိုင်းအစိုးရက နိုင်ငံတော်အဆင့်လုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်နေတဲ့ မယ်ဆိုင်မြို့၊ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်းမှာ ပိတ်မိနေတဲ့ လူငယ်ဘောလုံးအသင်းက ၁၃ ဦး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံဘက်က လိုအပ်တဲ့အကူအညီတွေ အပြည့်အဝကူညီပေးနိုင်ဖို့ ထိုင်းအစိုးရကို ကမ်းလှမ်းလိုက်ပါတယ်။
2018-06-28
မြန်မာနိုင်ငံမှာ ကျောက်မျက်၊ တွင်းထွက် စတဲ့သယံဇာတထုတ်ယူမှုကနေ နိုင်ငံအတွက် အခွန်ငွေ ရရှိမှုဟာ ၄ ရာခိုင်နှုန်းသာရှိပြီး တူးဖော်ထုတ်ယူမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံး မှုနဲ့ လူမှုစီးပွားထိခိုက်နစ်နာမှုက အဆမတန် ပိုများတာကြောင့် ချင့်ချိန်စဉ်းစားသင့်တယ် လို့ မြန်မာနိုင်ငံ EITI အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2018-06-28
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က တောင်းဆိုထားတာနဲ့ပတ်သက်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပယ်ချလိုက်ပါတယ်။
2018-06-28
ဝေဖန်သူတွေကြား လပေါင်းအတန်ကြာ မေးခွန်းထုတ်စရာဖြစ်နေတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့ ပြောကြားလိုက် ပါတယ်။
2018-06-28
အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ပြည်သူတွေ စိတ်ကျေနပ်မှုရအောင် ဆောင် ရွက်ပေးနိုင်မှု အားနည်းနေသေးတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ဝန်ခံပြောကြားလိုက်ပါတယ်။
2018-06-28
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတိုက်နယ် ဂျုံးနောရွာအတွင်းကို ဒီနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်ဆံတွေ ကျတာကြောင့် အသက်ရှစ်နှစ်အရွယ် ကျောင်းသား တစ်ဦးသေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။
2018-06-28
ကမ္ဘောဒီးယားနိုင်ငံမှာ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ ဖိတ်ကြားချက်ကို မြန်မာဘက်က ငြင်းဆိုလိုက်ပါတယ်။
2018-06-27
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ယန်ဟီးလီက မြန်မာပြည်မှာ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေခဲ့တဲ့ လူ့အခွင့်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ ချိုးဖေါက်မှုတွေကို ICC နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက စုံစမ်းစစ်ဆေးဖို့ အလေးအနက် ထောက်ခံတင်ပြခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
2018-06-27
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေကို ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပူးပေါင်းပြီး တရားဝင် ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်တွေအဖြစ် စပြီး မှတ်ပုံတင်ပေးနေပါတယ်။
2018-06-27
“၁၉၈၂ ခုနှစ် နိုင်ငံသားဆိုင်ရာ ဥပဒေ” ကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး အဆိုပြုချက်ကို အကောင်အထည်ဖော်လို့ မရနိုင်သေးကြောင်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အနောက်တိုင်းသံတမန်တွေကို ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားလိုက်ပါတယ်။
2018-06-27
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင် တွေရဲ့ အခွင့်အရေးကို ကန့်သတ် ချိုးဖောက်ထားတဲ့ စနစ်ကို ဖျက်သိမ်းဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်းဆိုလိုက်ပါတယ်။
2018-06-27
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အင်တိုင်းတောကျေးရွာမှာ အငြင်းပွားနေတဲ့ မြေကိစ္စနဲ့ ပတ်သက်ပြီး တောင်သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီအကြား ဒီနေ့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
2018-06-27
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု သတင်းပေးသူတစ်ဦးကို အနည်းဆုံး ကျပ်သိန်း ၁၃၀ ဆုကြေးပေးမယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2018-06-27
မန္တလေးကတဆင့် တရုတ်ပြည်ကို တင်ပို့ရောင်းချမယ့် ကျောက်စိမ်းအရိုင်းတုံး ၆၀၀ ကျော်ကို ကျောက်မဲတိုးဂိတ်မှာ ဒီနေ့ မနက်က ဖမ်းဆီးရမိခဲ့ပါတယ်။
2018-06-27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အာဏာသိမ်းမယ် လို့ ပြောဆိုခဲ့တာ မဟုတ်သလို ဒေါသတကြီး ပြောဆိုခဲ့တာလည်း မရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။