သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-29
မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် လေတပ်ဆွယ် (မှော်ဘီ) အနီးက တပ်ပိုင်မြေမှာ ပါဝင်နေတာကြောင့်ဆိုပြီး ကန်သာယာရွာက နေအိမ် ၁၀၀ ကျော်ကို အင်အားသုံး ဖယ်ရှားခံလိုက်ရပါတယ်။
2024-03-29
ပြည်တွင်းမှာ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းအချိန် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၅ သိန်းကျော်အထိ အမြင့်ဆုံးရောက်ရှိနေတယ်လို့ ရွှေရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေနဲ့ ရွှေဝယ်ယူသူတွေက ပြောပါတယ်။
2024-03-29
စလင်းမြို့နယ်က လူငယ်တစ်ဦး မတ် ၂၅ ရက်နေ့က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရပြီး အဲဒီနေ့ ညနေမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-03-29
ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဒုက္ခသည်သုံးသောင်းခန့်ခိုလှုံနေရတဲ့ ကျေးရွာတွေမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။
2024-03-29
မုံရွာမြို့အခြေစိုက် အလွတ်သတင်းထောက် ကိုရန်နိုင်စိုးကို စစ်ကောင်စီက ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်ပါတယ်။
2024-03-29
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း နယ်ခြားစောင့်ရဲ မိသားစုဝင်တွေကို အရေးပေါ် နေရာပြောင်းရွှေ့နေတယ်လို့ ဒေသခံမျက်မြင်တွေက RFA ကို မတ်လ ၂၉ ရက်နေ့က ပြောပါတယ်။
2024-03-29
အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ လေးဦးကို ဖမ်ဆီးထားပါတယ်။
2024-03-29
ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တောင်ဘဇာကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။
2024-03-29
ရခိုင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေဟာ ထောက်ပံ့မှာတွေ လျော့နည်းလာပြီး သောက်သုံးရေးရှားပါးမှု စိုးရိမ်စရာဖြစ်လာပါတယ်။
2024-03-29
မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးက စစ်ကောင်စီရဲ့ အမှတ် - ၃၆၆ ယောယုံ အမြောက်တပ်နဲ့ ဖလန်းတောင်တပ်စခန်းကို KIA က မနေ့က သိမ်းပိုက်ခဲ့ပါတယ်။
2024-03-28
ကလေးမြို့မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင့် တစ်လအတွင်း အရပ်သား ၅၂ ဦးသေဆုံးခဲ့တယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က ပြောပါတယ်။
2024-03-28
စလင်းမြို့နယ် ကျွဲခြံ၊ ဘန့်ပြင်နဲ့ ပုခတ်တိုင်ကျေးရွာက အုပ်ချုပ်ရေးမှူး သုံးဦးဟာ စစ်မှုထမ်းပေးဖို့ လူစုပေးနေတာကြောင့်လို့ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတ်ဖြတ်ခံလိုက်ရပါတယ်။
2024-03-28
ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ပြီး တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၉ ဦးနဲ့ ထိုင်းလူပွဲစား ငါးဦးကို ကန်ချနပူရီခရိုင်ထဲမှာ ဖမ်းမိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
2024-03-28
ရုရှားနဲ့ မြန်မာ စစ်တပ်ဟာ ၂၀၂၄ ခုနှစ်အတွင်း အကြိမ်ပေါင်း ၅၀ ကျော် ပူးတွဲ စစ်ရေးလှုပ်ရှားဖို့ စီစဉ်ထားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအစိုးရအာဘော် RIA သတင်းဌာနက မတ် ၂၈ ရက်နေ့က ကြေညာပါတယ်။
2024-03-28
ကျိုက်မရောမြို့နယ် ဓမ္မသရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်လို့ NMSP-AD က ထုတ်ပြန်ပါတယ်။