သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-02
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ဟာ လက်ရှိတာဝန်ကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်တော်ဘူးလို့ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
2018-01-01
အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်က ကျောက်မျက်ထွက်ရာ ရတနာမြေ ဆိုင်းလျန်ဒေသဘက်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
2018-01-01
ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုကော်မတီအစည်းအဝေးကို လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ စစ်တွေမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီ အစည်းအဝေးမှာ ပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင် နှုတ်ထွက်ခွင့်တင်ထားတဲ့ကိစ္စကို ထည့်သွင်းဆွေးနွေးမှာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
2018-01-01
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရွှေမောင်းတောင်ပေါ်က ကျူးကျော်နေထိုင်သူတွေကို စည်ပင်သာယာရေး ဥပဒေအတိုင်း ဖယ်ရှားသွားမယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းစိုး က ဒီနေ့ ပြောပါတယ်။
2018-01-01
လက်ရှိအစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှာ ထပ်မံကျင်းပပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဒီနေ့ ပြောပါတယ်။