သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-14
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနောက်မြောက်ပိုင်း ကီလိုမီတာ ၂၀၀ ကျော်လောက်မှာရှိတဲ့ ဆူဖန်ဘူလီ ပြည်နယ် ဆမ်ထွတ် ခရိုင်မှာ လူမှောင်ခိုဂိုဏ်း တဂိုဏ်းကို ထိုင်းရဲနဲ့TACDB လို့ ခေါ်တဲ့ NGO အဖွဲ့က မနေ့ည က ဝင်ရောက် စီးနင်းပြီး မြန်မာနိုင်ငံသား ၅၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။
2011-06-14
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုပ်ပြည်ဖက်ကို ထွက်ပြေး တိမ်းရှောင်သူတွေ တနေ့တခြား များပြားနေရာမှာ တိုက်ပွဲဖြစ်ပွားရာ ဒေသက ရွာပေါင်း ၃၀ ကျော်မှာရှိတဲ့ ရွာသူရွာသားတွေ ပါဝင်တယ်လို့ သိရပါတယ်။
2011-06-14
အစိုးရတပ်တွေနဲ့ KIO ကချင်တပ်ဖွဲ့ တိုက်ပွဲ အတွင်းမှာ မနေ့က အစိုးရတပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး တဦး ထိခိုက် ဒါဏ်ရာ ရရှိတယ်လို့ KIO ဖက်က ပြောဆိုပါတယ်။ ထိခိုက် ဒါဏ်ရာရသူ မိုးမိတ် ဗျူဟာက ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်တိုးဟာ နယ်ကျွံပြီး KIO တပ်တွေ အတွင်းမှာ ပိတ်မိခဲ့တာ ဖြစ်တယ်လို့ KIO အရာရှိတွေက ပြောပါတယ်။
2011-06-14
လာမယ့် နိုဝင်ဘာလလောက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ ၁၁ ပါတီ မဟာမိတ် အဖွဲ့ဟာ လက်ရှိ အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို ယှဉ်ပြိုင် အနိုင်ယူနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာ တရပ်ကို ဆွေးနွေး ညှိနှိုင်းနေကြပါတယ်။
2011-06-14
KIA ကချင် လွတ်မြောက်ရေး တပ်မတော် အတွက် စစ်ရေးအရ အရေးကြီးတဲ့ ကချင်ပြည်နယ် ဆန်ဂန် ဒေသ (ဘွမ်ဆမ်) KIA စစ်စခန်းကို မနေ့ညပိုင်းမှာ မြန်မာ စစ်တပ်က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ပြီး တက်သိမ်းလိုက်ကြောင်း သတင်း ရရှိပါတယ်။ KIA ဘွမ်ဆမ် စစ်စခန်း အသိမ်းခံလိုက်ရတာ ဟုတ်မှန်ကြောင်း KIO ကချင် လွတ်မြောက်ရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ် ဒူးဝါး ဘွန်ဝမ်လရော်က RFA ကို ပြောပါတယ်။
2011-06-14
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ ခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ ရန်ကုန်ပြည်လမ်းက နေအိမ်ကို မနေ့က သွားရောက်ပြီး နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်းထွန်းဦး၊ အထွေထွေအတွင်းရေးမှုး ဦးစိုင်းညွန့်လွင်၊ ဗဟိုကော်မတီဝင် ဦးစိုင်းလှအောင်တို့ရဲ့ မိသားစုတွေကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါတယ်။
2011-06-13
မြန်မာနိုင်ငံသားတွေဟာ တရားမျှတမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုလား တောင့်တ နေကြကြောင်း၊ ကမ္ဘာ့ အသိုင်း အဝိုင်း အနေနဲ့မြန်မာနိုင်ငံ အရေးကို လစ်လျူမရှုထားဘဲ အောင်မြင်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာအောင် ကူညီသင့်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-06-13
KIO ကချင် လွတ်မြောက်ရေး အဖွဲ့ ဌာနချုပ်က KIA တပ်အားလုံးကို ခုခံကာကွယ်စစ် ဆင်နွဲဘို့ ဒီကနေ့ မွန်းတည့် ၁၂ နာရီက အမိန့် ထုတ်ပြန်လိုက်ပြီလို့ သိရပါတယ်။
2011-06-13
ရန်ကုန်တိုင်း သာကေတ မြို့နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ ညနေ ရ နာရီလောက်က လေဆင် နှာမောင်း တိုက်ခတ်ခဲ့တဲ့ အတွက် ရန်ပြေ ၃ ရပ်ကွက် အခွန်လွတ်ဈေး တခုလုံး ပြိုကျသွားပြီး နေအိမ် တဒါဇင်လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
2011-06-13
ဒုံးကျည်လက်နက်တွေ သယ်ဆောင်လာတယ်လို့ သံသယ ဖြစ်စရာရှိတဲ့ မြန်မာနိုင်ငံကို သွားမယ့် မြောက်ကိုးရီးယား သင်္ဘော တစ်စီးကို အမေရိကန် ရေတပ်က တားဆီး နိုင်ခဲ့တယ်လို့ အမေရိကန် အဆင့်မြင့် ထိပ်တန်း အရာရှိတဦးက ဒီကနေ့ပြောကြားလိုက်ပါတယ်။
2011-06-13
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေ့ရောညပါ ပိတ်လှောင် အလုပ်ခိုင်းစေ ခံရပြီး ထိုင်းရဲတွေရဲ့ ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့တဲ့ မြန်မာ အလုပ်သမား ၃၂ ဦးကို ထိုင်း အာဏာပိုင်တွေက စနေနေ့က မြန်မာနိုင်ငံကို ပြန်ပို့လိုက်တယ်။
2011-06-13
အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့က မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး သြင်္ကန် ပွဲတော်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ထောက်ပံ့ရေး ရံပုံငွေရှာ ဈေးရောင်းပွဲ တခုကို မနေ့က ကျင်းပ ခဲ့ပါတယ် ။
2011-06-12
သီတဂူဆရာတော် ရှင်ဉာဏိဿရရဲ့ ရန်ကုန်မြို့ ဗုဒ္ဓတက္ကသိုလ် ရေစက်ချ ဖွင့်လှစ်ပွဲ ကျင်းပတဲ့ ကာလမှာ နိုင်ငံရေးပါတီတွေ လာရောက်ဖို့ ဖိတ်ကြားခဲ့တာကို အစိုးရက တားမြစ်ခဲ့တဲ့အတွက် ဒီကနေ့ ဖိတ်စာအသစ် လဲပြီး ပုံစံတမျိုးနဲ့ ပြန်လည် ဖိတ်ကြားလိုက်ပါတယ်။
2011-06-12
နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၆၆) နှစ်မြောက်မွေးနေ့ အခမ်းအနားအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- အမျိုးသမီးအဖွဲ့က ဈေးပွဲတော် ကျင်းပဖို့ ပြင်ဆင်နေသလို ကဗျာဆရာ ၈ဝ ကျော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ကဗျာစာအုပ် ထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2011-06-12
KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရတပ်တွေအကြား ဒီနေ့ တနေကုန်နီးပါး တိုက်ပွဲတွေ ဖြစ်နေပြီး ဒေသခံပြည်သူတွေ တရုတ်-မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။