သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-15
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်အရပ်ရှိ မြန်မာစာသင်ကျောင်း တွေဖြစ်တဲ့ ကလေးများဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီဒီစီ ကျောင်းနဲ့ နေ့သစ် အလယ်တန်းကျောင်းက တစ်တန်း ကလေးငယ်တွေအတွက် ထိုင်းအစိုးရပညာရေးဝန်ကြီးဌာနက iPad Tablet ကွန်ပြူတာ ၉၆ လုံး မနေ့က ပေးအပ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
2012-11-15
သမ္မတဦးသိန်းစိန် အစိုးရက အကျဉ်းသား ၄၅၂ ဦး ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၄၀၁(၁) အရ ဒီကနေ့ရက်စွဲနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ပါတယ်။
2012-11-15
မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ အလုပ်အကိုင် ရရှိရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ လှိုင်မြို့နယ်မှာရှိတဲ့ International Business Center အဆောက်အဦးမှာ ကျင်းပခဲ့ရာမှာ မသန်စွမ်းသူတွေဟာ သူတို့ရသင့်တဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရကြောင်း ပြောလိုက်ပါတယ်။
2012-11-15
ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာရခိုင်တွေ နဲ့ မူဆလင်တွေအကြား အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခုပါလို့ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံက NDTV သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
2012-11-15
လွှတ်တော်တွင်းမှာ ကိုယ်စားပြုနေတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မိမိတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိမှသာ အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်နိုင်မယ့် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2012-11-15
ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေ နဲ့ အောင်မြင်ကျော်ကြား ခဲ့တဲ့ တေးရေးဆရာ၊ အဆိုတော် ဦးခင်မောင်တိုး ၆၃ နှစ်ဟာ ဒီကနေ့ မနက် (၈) နာရီဝန်းကျင်က စင်ကာပူနိုင်ငံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
2012-11-15
မြန်မာနိုင်ငံဟာ ဒီမိုကရေစီပန်းတိုင်ရောက်အောင် ကြိုးစားနေဆဲဖြစ်တာကြောင့် မြန်မာပြည်သူတွေနဲ့ အတူ အားပေးရပ်တည်ပေးသွားဖို့အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာလ ၁၄ ရက် မနေ့ညနေပိုင်းက ကျင်းပတဲ့ နေရူးအထိမ်းအမှတ် ဟောပြောပွဲမှာ အိန္ဒိယပြည်သူတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2012-11-15
အမေရိကန်သမ္မတ အိုဘားမား ရဲ့ နိုဝင်ဘာ ၁၉ ရက် မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင် မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှာဖြစ်တယ်လို့ အစိုးရပိုင်းကပြောပါတယ်။
2012-11-14
ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်းမှာ ဝန်ကြီးဌာန ၁၅ ခုက အလွဲသုံးစားပြုထားတဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ ကျပ်ငွေ ၅၈ ဘီလျံကျော် နဲ့ အမေရိကန်ဒေါ်လာ ၂ သိန်း၊ ၃ သောင်းကျော် ရှိခဲ့တယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ အသေးစိတ် အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
2012-11-14
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရင်း မြန်မာနိုင်ငံကို သွားလည်ပတ်မယ့် အမေရိကန် သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့အတွက် မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုဖို့ အမေရိကန်အခြေစိုက် Freedom House လို့ခေါ်တဲ့ လူ့အခွင့်ရေးအဖွဲ့ကြီးက တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင်ကို မနေ့ကထုတ်ပြန်လိုက်ပါတယ်၊
2012-11-14
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ရဲ့ထိပ်သီးအစည်းအဝေးကို မနက်ဖြန်မှာ အာဖရိကတိုက်က (Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးဟာ ဆွေးနွေးမဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့သိရပါတယ်။
2012-11-14
ကချင်ပြည်နယ်၊ မိုးကောင်း-ဖားကန့်လမ်းပေါ်မှာ ရှစ်မိုင်ရွာဘက်ကနေ စစ်ကြောင်းချီတက်လာတဲ့ အစိုးရစစ်ယာဉ်တန်းတွေထဲက ကား ၅ စီးကို ဒီကနေ့မနက်ပိုင်း ၁၁ နာရီလောက်က မိုးကောင်း-ကာမိုင်းကြား နန့်ဟိုင်နဲ့ လကတ်ယန် ကျေးရွာတွေအနီးမှာ ကေအိုင်အေဘက်က မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
2012-11-14
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှာ ဒေသခံတွေက ကန့်ကွက်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ကော့သောင် (၈၈)မျိုးဆက်အဖွဲ့က နိုဝင်ဘာလ(၁၁)ရက်နေ့က သွားရောက် လေ့လာခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိပါဘူးလို့ ပြောကြား လိုက်ပါတယ်၊
2012-11-14
နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ကိုယ်စားလှယ်တွေဟာ မနေ့က အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ ထိပ်တန်းအကြံပေး အရာရှိတွေနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေးကိစ္စကို တိတိကျကျ ထည့်သွင်းဆွေးနွေးဖို့ တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။
2012-11-14
ရန်ကုန်မြို့တော် နယ်နမိတ်အတွင်းမှာ အိမ်ရာစီမံကိန်း ၅ ခု အကောင်အထည်ဖော်ပြီး အခြေခံလူတန်းစားတစ်ရပ် လက်လှမ်းမှီဝယ်ယူနိုင်မယ့် တန်ဖိုးနှုန်းထားတွေ နဲ့ ရောင်းချသွားနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။