သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-24
ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံရေးပါတီဝင်တွေ လွှတ်တော်အမတ်တွေနဲ့ အစိုးရအဖွဲ့က တာဝန်ရှိသူတချို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ၃ ပတ်ကြာ သင်တန်းသွား တက်ကြမယ်လို့ သိရပါတယ်။
2013-08-24
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှာ နေထိုင်တဲ့ မွတ်စလင် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ဝဝ ကျော်ကို ပြည်နယ် အစိုးရအစီအစဉ်နဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းအနီးမှာ ဒီနေ့ကစပြီး ရွှေ့ပြောင်းနေရာချထားပေးနေပါတယ်။
2013-08-24
ရှမ်း၊ ကယားနဲ့ မွန်တိုင်းရင်းသားအဖွဲ့တွေ ဦးဆောင်ကျင်းပမယ့် တတိယအကြိမ်မြောက် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲကို လာမယ့်စက်တင်ဘာလ ၂၁ ရက်နေ့ မှာ တောင်ကြီးမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။
2013-08-23
မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေဟာ လာမယ့် ၂ဝ၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေမတိုင်မီ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ပုံဖေါ်ထင်ဟပ်စေ လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင် (U.S. Commission on International Religious Freedom) က ပြောဆိုလိုက်ပါတယ်။
2013-08-23
ဗြိတိသျှ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံး အတွင်းဝန် Hugo Swire က မြန်မာနိုင်ငံ မှာ ကလေးစစ်သားအသုံးပြုမှု လုံးဝရပ်စဲရေးအတွက် ကုလသမဂ္ဂ ရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရအနေနဲ့ အပြည့်အဝလိုက်နာဆောင်ရွက်ဖို့ မနေ့က တိုက်တွန်းလိုက် ပါတယ်။
2013-08-23
နိုင်ငံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တက်ရောက်မှုကြောင့် မယူမနေရ ပင်စင်ပေးခံလိုက်ရတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းက အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်ကို ပင်စင်ခံစားခွင့်ပါ ဖျက်သိမ်းလိုက် တယ်လို့ သိရပါတယ်။
2013-08-23
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ မြန်မာအစိုးရတို့အကြား သဘောတူစာချုပ်ချုပ်ဆိုပြီးနောက် ပိုင်း တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာရတာဟာ စာချုပ်ပါ သဘောတူညီချက်တွေကို အကောင်ထည်ဖော်ရာမှာ အားနည်းမှုတွေရှိနေတာကြောင့်ဖြစ်တယ်လို့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း RCSS / SSA က ပြောပါတယ်။
2013-08-23
လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့အတွက် မြောက်ဒဂုံမြို့နယ် သီရိအောင်မြေ ကျောင်းတိုက်ဆရာတော် ဦးရက္ခဝံသဟာ ဒီနေ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့ပါတယ်။
2013-08-23
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဟိုတယ်တွေ တည်ဆောက်မယ်ဆိုပြီး တပ်မတော်က သိမ်းဆည်းထားတဲ့ မြေ ယာတွေကိုပြန်ပေးဖို့ သံတွဲမြို့ခံ ကိုစိုးဝေဟာ ဒီနေ့ နေ့လည် ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
2013-08-23
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဧပြီလက ပဲခူးတိုင်း၊ ပြည်မြို့မှာ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆိုခဲ့ကြသူ ၆ ဦးကို ဒီနေ့ ပြည်မြို့နယ်တရားရုံးက ငွေဒဏ်တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက် ပါတယ်။
2013-08-23
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojae Quintana ရဲ့ မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ဆန္ဒပြမှုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားချက်တွေဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောခဲ့ပါတယ်။
2013-08-22
မြန်မာနိုင်ငံခရီးစဉ်အတွင်း မိတ္ထီလာမြို့မှာ ဆန္ဒပြလူအုပ်က အကြမ်းပတမ်းပြုမူ ခဲ့ကြပေမယ့် အာဏာပိုင်တွေက အကာအကွယ်မပေးဘဲ ဥပေက္ခာပြုနေခဲ့ကြတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Ojea Quintana ပြောဆိုခဲ့တာဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ မြန်မာအစိုးရက တုံ့ပြန်ပြော ကြားလိုက်ပါတယ်။
2013-08-22
ဒီမိုကရေစီရဲ့ အနှစ်သာရဟာ အများရဲ့ဆုံးဖြတ်ချက်နဲ့ ဆန္ဒအတိုင်း လုပ်ကိုင်ဆောင်ရွက်ရတာဆိုပေမယ့်၊ လူနည်းစုရဲ့ ဆန္ဒတွေကိုလည်း လေးစားတန်ဖိုးထားရ မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2013-08-22
ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော် သမ္မတတို့အကြား ပေးပို့တဲ့သဝဏ်လွှာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ မသိရှိရသေးဘဲ နိုင်ငံပိုင်သတင်းစာတွေ မှာ ဖော်ပြတာဟာ ပြည်သူတွေ လွှတ်တော်အပေါ် အထင်လွဲအောင် လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက ဒီနေ့ လွှတ်တော် မှာ တင်သွင်းခဲ့ပါတယ်။
2013-08-22
ချောင်းဆိုးသွေးပါရောဂါလို့ခေါ်တဲ့ တီဘီရောဂါဝေဒနာရှင် မြန်မာနိုင်ငံမှာ ၃ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းပြီး အဲဒီလူနာတွေထဲမှာ ဆေးမတိုးတော့တဲ့ဝေဒနာရှင် ၁ သောင်းခွဲလောက်ရှိမယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားဆရာဝန်များ MSF အဖွဲ့ နိုင်ငံတကာ ဥက္ကဌ Dr. Unni Karunakara က RFA ကို ဒီနေ့ပြောလိုက်ပါတယ်။