သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-20
ပြီးခဲ့တဲ့ မြန်မာနဲ့ ယူအေအီး U-19 ဘောလုံးပွဲမှာ မြန်မာပရိသတ်က ပွဲအပြီးကွင်းထဲကို ဝင်ရောက်အားပေး တာဟာ စည်းကမ်းချိုးဖေါက်တာဖြစ်တဲ့အတွက် အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိမ်းသိမ်းရေးကော်မတီ က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ ၂ သောင်း ၄ ထောင်နဲ့ နိုင်ငံတကာပြိုင်ပွဲတွေထဲက ပွဲစဉ် တစ်ခုကို ပရိသတ်မပါပဲကျင်းပဖို့ ပြစ်ဒဏ်ချမှတ်လိုက် ပါတယ်။
2014-10-20
ကချင်ပြည်နယ် ဖားကန့်မြို့ ဥရုချောင်းဘေး အောင်ဘာလေကျေးရွာ အနီးမှာ တပ်စွဲထားတဲ့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် တပ်ရင်း ( ၆ ) က မိမိ တို့တပ်စခန်းကို ဖယ်မပေးနိုင်ကြောင်းနဲ့ အဲဒီ့လိုဆုံးဖြတ်ချက် ဟာ ကေအိုင်အိုဗဟိုရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒီနေ့ ပြော ပါတယ်။
2014-10-20
၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ် ဒါမှမဟုတ် နိုဝင်ဘာလ ပထမအပတ်ထဲမှာ ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ အရပ်ဖက်အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
2014-10-20
ပြီးခဲ့တဲ့နှစ် မတ်လက မိတ္ထီလာမြို့မှာ ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ကြသူတွေထဲက ရေအရင်းမြစ်ရုံး ကယ်ဆယ်ရေးစခန်းမှာ နေထိုင်ကြသူ သုံးရာကျော်ကို ပို့ဆောင်ဆက်သွယ်ရေး ရုံးဝင်းထဲက ကယ်ဆယ်ရေး စခန်းကို ဒီနေ့ ပြောင်းရွှေ့နေရာချ ပေးလိုက်ပါတယ်။
2014-10-19
ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေ ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ အညီ စိစစ်ဆောင်ရွက်နေရာမှာ အစိုးရအနေနဲ့ တိကျမှန် ကန်စွာ စိစစ်ပေးဖို့ တင်ပြတောင်းဆိုသွားမယ်လို့ ရခိုင်ပြည် နယ်တစ်ခုလုံးက ကိုယ်စားလှယ်တွေတက်ရောက်နေတဲ့ စစ်တွေမြို့ ဆွေးနွေးပွဲကနေ မနေ့က အတည်ပြု ဆုံးဖြတ် လိုက်ပါတယ်။
2014-10-19
နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး IKO က ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC မှာ မခွဲထွက်ရေးအတွက်တောင်းဆိုတဲ့ ကြေညာချက် ကို အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက် ပါတယ်။
2014-10-19
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း ခေါ် လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှနိုင်ငံသားနှစ်ဦး သတ်ဖြတ် ခံရမှုအတွက် စုံစမ်းဖော်ထုတ်ရာမှာ ကူညီဆောင်ရွက်ဖို့ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကိုစေလွှတ်တော့ မယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
2014-10-19
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ မှာ မြေပြိုမှုကြောင့် သေဆုံးခဲ့သူ မိသားစုဝင် ၅ ဦးနဲ့ ဒဏ်ရာရရှိသူလေးဦးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနတို့က ငွေကျပ်စုစုပေါင်း ၁၂ သိန်းခွဲ ဒီနေ့ ကူညီခဲ့တယ်လို့ သိရပါတယ်။
2014-10-19
မြန်မာငြိမ်းချမ်းရေးစင်တာက ဆောင် ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက် ပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးသွား ဖို့ရှိတယ်လို့ သိရပါတယ်။
2014-10-19
အခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်က ပူးပေါင်းပါဝင်ပေးဖို့ ရန်ကုန်မြို့ခံတချို့က ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးမှာ ဒီနေ့ တောင်းဆိုခဲ့ကြပါတယ်။
2014-10-19
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ၁၀ ရက်ကြာကျင်းပမဲ့အာဆီယံ လုပ်ငန်းကျွမ်းကျင်မှှုပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် စက်မှုဇုန်အလုပ်သမား၊ နည်းပညာတက္ကသိုလ် နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြသူ ၇ ဦးဟာ ဒီကနေ့ ညနေ ၇ နာရီမှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ ထွက်ခွါသွားကြပါတယ်။
2014-10-19
ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲနဲ့ အဲ့ဒီ စနစ်ကို ကျင့်သုံးမယ်ဆိုရင်ဖြစ်လာမယ့် ဆိုးကျိုးတွေကိုရှင်းလင်းတဲ့ ဟောပြောပွဲတစ်ရပ်ကို လှိှုင်သာယာမြို့နယ်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-10-18
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်၊ ဆန်ခလဘူရီမြို့ နယ် နောင်လုမြို့နယ်ခွဲမှာရှိတဲ့ ၁ မိုင်ဝက်ခန့်ရှည်တဲ့ ကမ္ဘာပေါ်မှာဒုတိယအရှည်ဆုံး သစ်သားတံတားကြီးကို မနေ့က မနက်က ပြန်လည်ဖွင့်လှစ်ခဲ့ရာမှာ ထိုင်းအာဏာ ပိုင်တွေ၊ ဒေသခံတွေနဲ့ ထိုင်းမြန်မာနယ်စပ်က မွန်တိုင်းရင်းသားတွေ စုစုပေါင်းလူ ၃ဝဝဝ ခန့် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
2014-10-18
ထိုင်းနိုင်ငံတောင်ပိုင်း ရာဘာခြံတွေထဲ မှာ ခေတ်သစ်ကျွန်တွေအဖြစ် လူပွဲစားတွေ ကရောင်းစား ခံရတော့မယ့် ဘင်္ဂလားဒေ့ ရှ် နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့အပြီး ထိုင်းနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ်ကို ပြန်ခေါ်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မနေ့က ပြောကြားလိုက်ပါတယ်။
2014-10-18
ထိုင်းတောင်ပိုင်း ခိုတောင်း (ခေါ်) လိပ် ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေ ကို လေ့လာသူအဖြစ်သာခွင့်ပြုသွားမှာဖြစ်တယ်လို့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားက ပြောကြားလိုက် ပါတယ်။