သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-17
စစ်ကိုင်းတိုင်းဒေသကြီး နန်စီပွန်ဒေသအုပ်ချုပ်ရေးမှူးအပါအဝင် ၁၁ ဦးကို မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေ တယ်ဆိုပြီး မသင်္ကာမှုနဲ့ ဒီနေ့မနက် အစောပိုင်းမှာ အထူးရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးရာမှာ ကျောက်စိမ်း အရိုင်းတုံးတွေ လက်ဝယ်တွေ့ရှိတာကြောင့် ဖမ်းဆီးလိုက်ပါတယ်။
2017-09-17
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တချို့ ကို ခဲနဲ့ပစ်ပေါက်ပြီး ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ဖြစ်စဉ် ရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူ တွေနဲ့ တရားခံအစစ်အမှန် ဖမ်းဆီး ရမိရေး ဆောင်ရွက်ဖို့ တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကို ညွှန်ကြားထားတယ်လို့ တိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညို က ပြောပါတယ်။
2017-09-17
ရခိုင်ပြည်နယ် မောင်တောဒေသမှာ နေရပ်စွန့်ခွာပြောင်းရွှေ့လာသူတွေကို ပြန်လည်နေရာ ချထားရေးအပါအဝင် အရေးကြီးကိစ္စ သုံးခုကို ပြည်နယ်အစိုးရက ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
2017-09-17
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းယူခံလိုက်ရတဲ့ မြေယာတွေက သီးနှံလျော်ကြေးရရှိဖို့ ဆောင်ရွက်ပေးမယ့်အကြောင်း ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ဒေသခံတောင်သူတွေကို ကတိပေးခဲ့တယ်လို့ သိရပါတယ်။
2017-09-17
အနည်းဆုံးလုပ်ခလစာ အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့၊ အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်ဖို့၊ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဥပဒေမှာ ထောင်ဒဏ် ထည့်သွင်းပေးဖို့အပါအဝင် အချက် ၆ ချက်ကို အလုပ်သမား ၁ ထောင်ကျော်က မန္တလေးမြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-09-16
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေ ထဲ ရောက်ရှိနေကြသူတွေကို သတ်မှတ်ထားတဲ့ ဧရိယာထဲကနေ ပြင်ပကို သွားလာထွက်ခွာခွင့် အစိုးရက ပိတ်ပင်လိုက်ပါတယ်။
2017-09-16
ရခိုင်ပြည်နယ် မြေပုံမြို့၊ ရွာသစ်ကေရပ်ကွက်မှာ မွတ်ဆလင်တွေကို ရိက္ခာရောင်းတယ်လို့ စွပ်စွဲခံရပြီး ရိုက်နှက်ခံခဲ့ရ တဲ့ ဒေါ်စိုးချေက ပြုမူခဲ့တဲ့သူတွေကို ပုဒ်မ ၃ ခုနဲ့ မြေပုံမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ အဲဒီရဲစခန်းရဲ့ စခန်းမှူးဖြစ်တဲ့ ဒုရဲမှူး အောင်တင်မိုးက ပြောပါတယ်။
2017-09-16
ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ရိုးသားဖြောင့်မတ်မှုဟာ မြန်မာနိုင်ငံရဲ့ တန်ဖိုးကြီးတဲ့ အရင်းအနှီးသယံဇာတဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ဒီနေ့ ပြောပါတယ်။
2017-09-16
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ သတင်းထုတ်ပြန်တာတွေ နောက်ကျပြီး ကူညီဆောင်ရွက်ပေးတာတွေမှာ အားနည်းမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက သုံးသပ်ကြကြောင်း အဲဒီဒေသတွေမှာ အကူအညီတွေပေးခဲ့ တဲ့ ပြည်သူ့အိုးေ၀ ဖောင်ဒေးရှင်းက ကိုအောင်အောင်ကျော်က ပြောပါတယ်။
2017-09-16
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သတင်းသွားယူတဲ့ မြန်မာသတင်းထောက် နှစ်ဦး အဖမ်းခံထားရတာနဲ့ ပတ်သက်ပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောပါတယ်။
2017-09-16
လာမယ့်စက်တင်ဘာလ ၁၉ ရက်နေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂလိပ်လို ပြောကြားမှာဖြစ်ပြီး မြန်မာ့အသံ ရုပ်မြင်သံကြား၊ ရေဒီယို၊ FM လိုင်းအားလုံးကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
2017-09-16
အမေရိကန်နိုင်ငံရဲ့ အရှေ့တောင်အာရှရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Patrick Murphy ဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်လာမှာဖြစ်ပြီး ရခိုင်ပြည်နယ် ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။
2017-09-15
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သတင်းသွားယူတဲ့ မြန်မာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ် တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကော့ဘဇာမြို့မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ AFP သတင်းအရ သိရပါတယ်။
2017-09-15
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကိစ္စတွေ အတွက် ကူညီရာမှာ ဘက်မလိုက်ပဲ ကြားနေဆောင်ရွက်မယ်ဆိုရင် အကောင်းဆုံးဖြစ်တယ်လို့ ယူဆကြောင်း ရှမ်းပြည် တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် က ပြောပါတယ်။
2017-09-15
ပြီးခဲ့တဲ့ မေလအတွင်းက မန်စီမြို့နယ် မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေး စခန်းက ဒုက္ခသည်သုံးဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ တပ်မတော်သားတချို့ကို မန်စီမြို့ အခြေစိုက် အမှတ် ၃၁၉ ခြေမြန်တပ်ရင်းမှာ ဒီကနေ့ စစ်ဆေးနေပါတယ်။