သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-29
ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ် က ဇနန်ခ တံတားအပါအဝင် တံတား ၂ စင်းနဲ့ စက်ယန္တရား ၂ စီး ကို ကေအိုင်အေအဖွဲ့က မနေ့က ဖျက်ဆီးလိုက်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး က ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ဒီနေ့ ပြောပါတယ်။
2018-01-29
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက လူသေဆုံးမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီနေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပေမယ့် လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2018-01-28
ဇန်နဝါရီလ ၂၇ ရက်နေ့က သင်္ဃန်းကျွန်း သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစခန်းခွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးစီးကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးသရုပ်ဖေါ် ဖျော်ဖြေပွဲ အတွင်း ဟောပြောတင်ဆက်ပုံတချို့ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်ကျဆင်းစေတဲ့ အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
2018-01-28
ကချင်ပြည်နယ် နေရာအနှံ့မှာ အစိုးရတပ်နဲ့ ကေအိုင်အို တပ်တွေအကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေသလို ကေအိုင်အိုဌာနချုပ်အနီးကိုလည်း အစိုးရတပ်က မနေ့ညက လက်နက်ကြီးနဲ့ပစ်တယ်လို့ သိရပါတယ်။
2018-01-28
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ နဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး လွတ်မြောက်နေတဲ့ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အောင်ဝင်းခိုင် ကို စုံစမ်း ဖော်ထုတ်ရှာဖွေမှု အားနည်းနေတယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေအသင်း ဒုတိယဥက္ကဋ္ဌ ဦးနေလ က ပြောလိုက်ပါတယ်။
2018-01-28
ကချင်ပြည်နယ် တနိုင်းဒေသက မှော်နယ်မြေတွေတဝိုက်မှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အဲဒီမှော်တွေမှာ လုပ်ကိုင်နေ ကြသူတွေ သူတို့ရဲ့ မူလရပ်ရွာတွေကို ပြန်လို့မရဘဲ ပိတ်မိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2018-01-28
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ မြောက်ဦးဖြစ်စဉ်ကို ရှုတ်ချကြောင်း နဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဦးဝေဟင်အောင် တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီနေ့ ကျောက်တော်မြို့မှာ ဒေသခံ ၂၀၀ ကျော် က ဆန္ဒပြတောင်းဆို ကြပါတယ်။
2018-01-28
ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးနိုင်ရေး ဆွေးနွေးဖို့အတွက် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ နှစ်ပတ် အတွင်း တွေ့ခွင့်ရရှိဖို့ ပညာရေး အသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲ ကော်မတီဝင်တွေက ဒီနေ့ တောင်းဆို လိုက်ပါတယ်။
2018-01-27
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကနေ နုတ်ထွက်ခဲ့တဲ့ အမေရိကန် ဝန်ကြီးဟောင်း Bill Richardson က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကို ကျောမခိုင်းသင့်သေးဘူး။ သူတို့ကိုနေရပ်ပြန်ပို့ရေးုအတွက် ဆက်လက်ပြီး စိစစ်ပံ့ပိုး သွားသင့်တယ်လို့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။
2018-01-27
ရေအားလျှပ်စစ်ကဏ္ဍ ရေရှည်တိုးတက်ရေးအတွက် IFC- နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း နဲ့ မြန်မာနိုင်ငံက ဝန်ကြီးဌာနနှစ်ခုတို့ဟာ SEA လို့ခေါ်တဲ့ မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာစိစစ်အကဲဖြတ်ချက် ဆွေးနွေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပတာ အပြီး သတ်သွားပြီး ရှေ့လကျရင် နေပြည်တော်မှာ အစိုးရအဆင့် ဆွေးနွေးပါမယ်။
2018-01-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယသမ္မတ Ram Nath Kovind ကို သမ္မတအိမ်တော်မှာ မနေ့က သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မယ့် ကိစ္စရပ်တွေ ဆွေးနွေးပါတယ်။
2018-01-27
ရန်ကုန်တိုင်းအတွင်း မှုခင်းကျဆင်းရေး ဆောင်ရွက်ရာမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတွေ ရဲ့ ပူးပေါင်းပါဝင်မှု အားနည်းတယ်လို့ မနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကျင်းပတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပွဲမှာ တိုင်းရဲတပ်ဖွဲ့ဘက်က ဆွေးနွေး ခဲ့ပါတယ်။
2018-01-27
ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရဖို့အတွက် သက်သေခံလက်မှတ် CI ထုတ်ယူဖို့ မြန်မာ အလုပ်သမား လေးသိန်းခြောက်သောင်းကျော် ကျန်ရှိနေတဲ့အတွက် အမြန်ဆုံးထုတ်ယူကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တိုက်တွန်းနေပါတယ်။
2018-01-27
တနင်္သာရီတိုင်းဒေသကြီး၊ ထိုင်း- မြန်မာနယ်စပ်က ထီးခီးဒေသမှာ KNU နဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းကို လာမယ့် ဖေဖော်ဝါရီ လအတွင်း ကွင်းဆင်းစစ်ဆေးဖို့ လျာထားတယ်လို့ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဌ ဦးတိုးလွင်က ဒီနေ့ ပြောပါတယ်။
2018-01-27
အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ငြိမ်းချမ်းရေး အမြန်ရရှိအောင် ကြိုးစားပေးကြဖို့ ပြည်သူတွေကိုယ်စား ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။