သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-16
ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ပုဒ်မ ၅၉- စ ကို ယာယီ ဆိုင်းငံ့ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်လို့ ရာနှုန်းပြည့် မျှော်လင့်တဲ့အကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို က ဒီနေ့ ပြောလိုက်ပါတယ်။
2015-12-16
အစိုးရတာဝန်တွေကို စနစ်တကျ လွဲှပြောင်းပေးနိုင်ဖို့ အစိုးရဘက်မှ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် အကြီးအကဲ တာဝန်လွဲှပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသွင် ကူးပြောင်းရေးအဖွဲ့ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-12-16
လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ဖို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွေမှာ ယုံကြည်မှုနဲ့ စိတ်ရှည်သည်းခံ ပြီး ဆွေးနွေးကြဖို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2015-12-15
မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ပညာရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာ မနေ့က ပြီးဆုံးသွားပါတယ်။
2015-12-15
လာမယ့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မတိုင် ခင် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ နိုင်ငံရေးပါတီတွေရဲ့ကိုယ်စား လှယ်ဦးရေ စုစုပေါင်း ၇၀၀ တက်ရောက်ဖို့ အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော် မတီ UPDJC က ဒီနေ့ အတည်ပြု ဆုံးဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
2015-12-15
တရားခံပြေးအဖြစ် သတ်မှတ်ကြေညာခံထားရတဲ့ တကသကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုနန်းလင်းကို ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်က ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ သက်ဆိုင်ရာအာ ဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
2015-12-15
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန် ကြီးတွေ၊ ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင် ငံရေး ပင်စင် ချီးမြှင့်ငွေကို လာမယ့် အစိုးသစ်မတိုင်ခင် ပေး အပ်ချီးမြှင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2015-12-15
မြန်မာနိုင်ငံမှာ ဘိန်းစိမ်းထုတ်လုပ်မှုဆက် လက်မြင့်မားနေတဲ့ ပြသနာဖြေရှင်းရေး ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ်အတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးအဖွဲ့ UNODC က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2015-12-15
ရှမ်းပြည်နယ်ထဲမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့ တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တွေအကြား အပြန် အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာနဲ့ပတ်သက် ပြီး ဒီကနေ့ မနက် ၁၀ နာရီခွဲမှာ ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ဗိုလ်ချူပ် ဘီထူး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက် ဆစ် ဦးဆောင်တဲ့အဖွဲ့တို့ ၃ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2015-12-15
တရုတ်မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှာ ၁၅ ကြိမ်မြောက် နှစ်နိုင်ငံကုန်စည်ပြပွဲ ဖွင့်လှစ် ကျင်းပနေပြီး မြန်မာနိုင်ငံက ကုန်သည်တွေ ကလည်း ကုန်ပစ္စည်းအမျိုးမျိုး ပြသရောင်းချနေကြတယ်လို့ သိရပါတယ်။
2015-12-14
ထိုင်းနိုင်ငံ မြန်မာနယ်စပ်အနီးရှိ တတ်ခရိုင် က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သား သမီးတွေကို ပညာသင်ကြားနေတဲ့ ကျောင်းသုံးကျောင်း ကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုလိုက် ပြီလို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ နေးရှင်းသတင်းစာ က ရေးသားဖေါ်ပြလိုက်ပါတယ်။
2015-12-14
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသနေတဲ့ အမျိုူးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ကျောင်း သားတွေထဲကတချို့ကို နေပြည်တော်က အမိန့်နဲ့ သာယာ ဝတီထောင်ကို ပြန်ပို့ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
2015-12-14
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲမှာ အစိုးရတပ် နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နမ့်ဆန် မြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ အုန်းလွတ်ကျေးရွာအနီး မှာ ဖြစ်ပွားတာလို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော်က ပြောပါတယ်။
2015-12-14
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ မှာ အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ဦးလှဆွေက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို ထားတာကြောင့် ဂန့်ဂေါခရိုင်တရားရုံးမှာ အမှု ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
2015-12-14
ဧရာဝတီတိုင်းဒေသကြီး မအူပင် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထား ရတဲ့ မချောစန္ဒီထွန်း ခေါ် ချစ်သမီး ကို စွဲဆိုထားတဲ့ ပုဒ်မ ၂ခုထဲက အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို မအူပင်မြို့နယ်တရားရုံးက ဒီနေ့ ပယ်ဖျက်ပေးလိုက်ပါတယ်။