သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-29
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဟာ ဒီဇင်ဘာလ (၁) ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
2011-11-29
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် အတွင်း လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။
2011-11-29
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဗွီနိုင်း (V 9) နံရံချိတ် ပိုစတာတွေ တီရှပ်နဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေကို အင်န်အယ်လ်ဒီ ပါတီ ဌာနချုပ် ရွှေဂုံတိုင်ရုံးမှာ အခု ရက်ပိုင်း အတွင်း ၂ ဆနီးပါး ရောင်းချနေရကြောင်း သိရပါတယ်။
2011-11-29
မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေး လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီကနေ့ ဆွေးနွေးနေကြောင်း သိရပါတယ်။
2011-11-29
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကမ္ဘာ့အကြီးဆုံး စူပါ ပါဝါ အင်အားကြီး နိုင်ငံတစ်ခု မြန်မာနိုင်ငံကို ဝင်လာပြီဆိုတာ တရုတ်အစိုးရကို သိသိသာသာ အချက်ပြလိုက်တာလို့ နယူးယောက် အခြေစိုက် Asia Society က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2011-11-28
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်တဲ့အခါ မြန်မာ စစ်တပ်က Crime Against Humanity လူသားတွေကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ရပ်တန့်အောင် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းဖို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ၁၂ ဖွဲ့က ပူးတွဲ တောင်းဆိုလိုက် ပါတယ်။
2011-11-28
မြောက်ကိုရီးယားနဲ့ နျူကလီးယားစီမံကိန်း ကိစ္စတွေကို မြန်မာအစိုးရက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားရေးဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး ပိုကောင်းမွန်လာဖို့ လိုအပ်ချက်တစ်ခုအနေနဲ့ ထားသင့်တယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် Richard Lugar က မနေ့က ပြောလိုက်ပါတယ်။
2011-11-28
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက မှတ်ပုံတင်ရေး ကိစ္စနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ ဆွေးနွေး တင်ပြခဲ့ကြောင်း အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။
2011-11-28
ကချင်ပြည်နယ်မှာ ကေအိုင်အိုနဲ့ အစိုးရတပ်တွေ ၆ လနီးပါး တိုက်ခိုက်နေချိန်မှာ နှစ်ဘက် ကိုယ်စားလှယ်တွေ မနက်ဖြန် တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံဖို့ အစိုးရဘက်က ပြောဆိုထားကြောင်း ကေအိုင်အိုက ပြောပါတယ်။
2011-11-28
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သတင်းယူမယ့် သတင်းထောက် အရေအတွက်ကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။
2011-11-28
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီး မစတင်ခင်မှာပဲ တရုတ် ဒု-သမ္မတ ရှီကျင့်ဖင်က တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ပိုမိုခိုင်မာတဲ့ နည်းဗျူဟာမြောက် မဟာမိတ် ဆက်ဆံရေးကို ဆက်လက် တည်ဆောက်သွားမယ်လို့ ပြောလိုက်ပါတယ်။
2011-11-28
အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်တွေ အတွက် လှုပ်ရှား ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမား သမဂ္ဂကို မနေ့က ရန်ကုန်မြို့မှာ စတင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
2011-11-27
မုံရွာထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၂ဝဝ၇ မျိုးဆက်ခေါင်းဆောင် ကိုဒီငြိမ်းလင်းက အစိုးရအနေနဲ့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွှတ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက် မရှိကြောင်း မိခင်ဖြစ်သူက အာအက်ဖ်အေကို ပြောပြပါတယ်။
2011-11-27
မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သွားရောက် တွေ့ဆုံမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2011-11-27
ဘင်္ဂလားဒေ့ရှ နိုင်ငံဟာ မြန်မာနဲ့ ပူးပေါင်းပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ဖို့ ဆန္ဒပြင်းပြနေ သလို မြန်မာ့ သဘာဝဓာတ်ငွေ့ကို လည်း ဝယ်ယူဖို့ စိတ်အား ထက်သန်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖာရပ်ခန်း (Faruk Khan) က ပြောဆိုလိုက်ပါတယ်။