သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-23
လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ တွေးခေါ်ရေးအတွက် ကြံံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်သူတွေကို ချီးမြှင့်တဲ့ Sakharov ဆုကို ၁၉၉၀ ပြည့်နှစ်က ရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည် ကို ဒီ ဆု ကိုယ်တိုင် လက်ခံ ရယူဖို့ ဥရောပ ပါလီမန်က တနင်္လာနေ့ က ဖိတ်ကြားလိုက်ပါတယ်၊
2010-11-22
ရခိုင်ပြည်နယ် စစ်တွေ-အမ်း -မင်းဘူး ရထားလမ်းကို (၁၀) နှစ် စီမံကိန်းနဲ့ ဖေါက်လုပ်လျှက် ရှိရာမှာ ရခိုင် ရှေးဟောင်း မြို့တော် မြောက်ဦးမြို့မှာ ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေ ဆုံးရှုံး ပျက်စီးနေတာနဲ့ ပတ်သက်လို့ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ရခိုင် အဖွဲ့အစည်း တွေက ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တွေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2010-11-22
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာတဲ့ သတင်းနဲ့ မိန့်ခွန်း ကောက်နှုတ်ချက်တွေ ဖော်ပြခဲ့အပြီး ဂျာနယ် ၉ စောင်ကို စစ်အစိုးရ စာပေ စိစစ်ရေးက ပိတ်ပင်ခဲ့ပါတယ်။
2010-11-22
NLD လူငယ်တွေ ဦးစီးစောင့်ရှောက် နေတဲ့ HIV-AIDS ဝေဒနာရှင် တွေကို အကူအညီ ပေးနိုင်ဖို့ အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တွေကို မေတ္တာရပ်ခံတဲ့ အစည်းအဝေး တခုကို ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တသီးပုဂ္ဂလ အမတ်တွေက ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် ဒဂုံတာဝါမှာ ပြုလုပ်ခဲ့သလို ဦးကျော်သူ ဦးဆောင်တဲ့ အနုပညာရှင် တွေကလည်း အဲဒီ စောင့်ရှောက်ရေး ဂေဟာမှာရှိတဲ့ AIDS ဝေဒနာရှင် တွေကို ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
2010-11-22
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ရွှေဂုံတိုင်မှာ ရှိတဲ့ NLD အဖွဲ့ချုပ်ရုံးမှာ တိုင်းနဲ့ပြည်နယ်က လူငယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကနေ လူငယ် အချင်းချင်း ဆက်သွယ်နိုင်မယ့် သတင်းကွန်ယက်တခု ဖွဲ့စည်းသွားမယ်လို့ သဘောတူလိုက်ကြောင်း သိရပါတယ်။
2010-11-22
မြန်မာ့ ဒီမိုကရေစီရေးအတွက် ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ဖိလစ်ပိုင် သမ္မတ မစ္စတာ အာကွီနိုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ကတိပေး ပြောဆိုလိုက်ကြောင်း သိရပါတယ်။
2010-11-22
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမှုဟာ ခိုင်ခိုင်မြဲမြဲ ရှိနေတာ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် Mrs. Nirupama Rao က ပြောလိုက်ပါတယ်။ နိုဝင်ဘာလ (၂၂) ရက်နေ့ ည အိန္ဒိယနိုင်ငံက လွှင့်ထုတ်တဲ့ CNBC ရုပ်မြင် သံကြား လိုင်းအမှတ် (၁၈) ရဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။
2010-11-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မဖြူဖြူသင်းရဲ့ နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ HIV/AIDS ဝေဒနာရှင် ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်ကြတဲ့ ဝေဒနာရှင်တွေအတွက် မနေ့ညက ဧည့်စာရင်း သွားရောက်တိုင်ကြားခဲ့တာကို အာဏာပိုင်တွေက လက်မခံခဲ့ဘူးလို့ သိရပါတယ်။
2010-11-21
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Eris ကို ခုချိန်ထိ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးသေးတာ ဟာ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ရုံသာမက မြန်မာ့နိုင်ငံရေးတိုးတက်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက် တွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေကိုလည်း ထိခိုက်စေနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2010-11-21
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာ အပြီး မြန်မာ့ နိုင်ငံရေးအခြေအနေ ပြန်လည် အသက်ဝင်လာသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားနိုင်ဖို့ စဉ်းစားမယ့်အကြောင်း ပါဝင်ခဲ့တဲ့အတွက် အနာဂတ်နိုင်ငံရေး ကောင်းမွန်လာ တော့မယ်လို့ မျှော်လင့်သူတွေ များလာကြောင်း လေ့လာသူတွေက ဆိုပါတယ်။
2010-11-21
မြန်မာစစ်အစိုးရ အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ ဆုံးဖြတ်ချက်မှာ တောင်းဆိုထားတာကို လေးစားတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပန်ကြားလိုက်ပါတယ်။
2010-11-21
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ကျင်းပ မယ့် လူငယ်အစည်းအဝေး တက်ရောက်ဖို့အတွက် ပြည်နယ်နဲ့တိုင်း အသီးသီးက လူငယ် ၁ ရာကျော် ဒီကနေ့ ရန်ကုန်ကို ရောက်လာတယ်လို့ သိရပါတယ်။
2010-11-21
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးက သတ်မှတ်ထားထာထက် ပိုမို ဖော်ပြခဲ့တဲ့ ပြည်တွင်းဂျာနယ် နှစ်စောင်ကို မနေ့က နေပြည်တော်အမိန်နဲ့ ဆိုပြီး သက်ဆိုင်ရာက သီတင်းသုံးပတ်စီ ရပ်နားခိုင်းလိုက်တယ်လို့ ဂျာနယ် တာဝန်ခံတွေက အာအက်ဖ်အေကို ပြောပါတယ်။
2010-11-20
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်ဒဂုံမြို့နယ်က HIV/AIDS ဝေဒနာသည် ကူညီ စောင့်ရှောက်ရေး ဂေဟာကို အာဏာပိုင်တွေက ပိတ်ဖို့ ကြိုးစားနေဆဲမှာပဲ ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်း ကျန်းမာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက ဂေဟာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်း ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။
2010-11-20
အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ်လိုက်ကြပါတယ်။