သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-27
ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ အခြေစိုက်တဲ့ အင်တာနက် ငွေလိမ်လုပ်ငန်းတွေမှာ လူပေါင်း တစ်သိန်းကျော် လူကုန်ကူးခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
2024-03-27
စစ်ကောင်စီရဲ့ လေတပ်နဲ့ ရေတပ်အတွက် စက်ပစ္စည်းတွေ၊ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို အိန္ဒိယဘက်က ရောင်းချပေးနေတယ်လို့ JFM က ပြောပါတယ်။
2024-03-27
နေအိမ်သုံးဆယ်ကျော်လောက် မီးလောက်ခဲ့ကြောင်း ဓမ္မသ ကျေးရွာကို မီးသွားရောက်ငြှိမ်းပေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-03-27
တိုင်းပြည်တည်ငြိမ်ဖို့အတွက် ပြည်သူ့စစ်မဟာဗျူဟာကိုဖော်ဆောင်တဲ့အခါ စည်းစနစ်ကျတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မဖြစ်မနေအကောင်အထည်ဖော်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောပါတယ်။
2024-03-27
နယ်စပ်ခြံစည်းရိုးကာရံမယ့် ကုန်ကျစရိတ်ကို အိန္ဒိယအစိုးရကော်မတီက ဒီလဆန်းမှာ ခွင့်ပြုလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2024-03-27
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ ဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေတာတွေကို အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့ IIMM က အစီရင်ခံစာထုတ်လိုက်ပါတယ်။
2024-03-27
တပ်မတော်နေ့ အထိမ်းအမှတ်နဲ့ စစ်ကောင်စီဟာ နေပြည်တော်မှာ စစ်ရေးပြအခမ်းအနားတွေ ကျင်းပနေပေမယ့် ပြည်သူတွေကတော့ စစ်မှုမထမ်းမနေရ ကြေညာချက်အပါအဝင် ပဋိပက္ခတွေအကြား စားဝတ်နေရေးအတွက် ဆင်းရဲဒုက္ခတွေ များနေရပါတယ်။
2024-03-27
ထိုင်းအစိုးရပေးပို့တဲ့ လူသားချင်းစာနာမှု အကူအညီတွေကို မြန်မာကြက်ခြေနီအသင်းကတစ်ဆင့် စစ်ဘေးဒုက္ခသည်တွေဆီ ဖြန့်ဝေတာဟာ ပြည်သူတွေရဲ့ စိတ်ခံစားချက်ကို ဥပက္ခာပြုလိုက်တာပဲလို့ (KNU) က ဝေဖန်လိုက်ပါတယ်။
2024-03-27
မြန်မာ-တရုတ်နယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျည်နှစ်လုံးဟာ တရုတ်နိုင်ငံပိုင်နက်ကို မတ်လ ၂၇ ရက်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-27
ကရင်ပြည်နယ်က၊ ဖာပွန်မြို့ထဲကို မတ် ၂၄ ရက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-27
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၇၆ ဦးကို မဏိပူရ်အစိုးရက မတ်လကုန်နောက်ဆုံးထားပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2024-03-27
ရသေ့တောင်မြို့နယ် မိုးစဲကျွန်းပေါ်က ညောင်ပင်ကြီးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။
2024-03-27
အင်းစိန်၊ သာယာဝတီနဲ့ ဒိုက်ဦးအကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတချို့ဟာ လုံလောက်တဲ့ဆေးကုသမှု မရတဲ့အတွက် ကျန်းမာရေး ထိခိုက်နေတယ်လို့ မိသားစုဝင်တွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။
2024-03-27
ကလေးမြို့ ကလေးတက္ကသိုလ်က ခေါ်ယူထိမ်းသိမ်းထားတဲ့ ဆရာ၊ ဆရာမ အပါအဝင် ကျောင်းသား ၁၃၀ ကျော်ထဲက တစ်ရာဝန်းကျင်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။
2024-03-27
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ပြည်သာယာ (မြောက်) ရပ်ကွက် မဟူရာသင်္ချိုင်းအနီး စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။