သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-22
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းက ရွှေအောင်သာကျေးရွာကို မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်ထဲ ထည့်သွင်းထားတာကို နဂိုမူလအတိုင်း ချင်းပြည်နယ်ထဲ ပြန်ထည့်ပေးဖို့ ဒေသခံ ၃၀ ခန့်က ဒီနေ့ ဒီဇင်ဘာလ၂၂ရက် မနက်ပိုင်းမှာ မင်းတပ်မြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
2020-12-21
ဧရာဝတီတိုင်းမှာ သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် လာမသွင်းတဲ့ ကိုယ်စားလှယ်လောင်း နှစ်ဦး ရှိတယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲက ပြောကြားလိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၅၁ ဦးရှိပြီး ၄၄၉ ဦးကသာ သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းခဲ့တယ်လို့ ပြောပါတယ်။
2020-12-21
ထိုင်းနိုင်ငံ မဟာချိုင်မြို့က ပုဇွန်ဈေး အပါအဝင် တခြားခရိုင်တချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၀၀ ကျော်ရှိနေပါပြီ။ ဒီအထဲ မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀ ကျော် ပါဝင်ပါတယ်။
2020-12-21
ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်ရေး တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ NLD ပါတီက ကြေညာချက်ထုတ်ပြန် ပြောဆိုထားတာကြောင့် ပြည်နယ်အစိုးရအဖွဲ့ကို ထိန်းကျောင်းနိုင်ဖို့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ရရှိဖို့ လိုလားနေပါတယ်။
2020-12-21
COVID-19 ကမ္ဘာ့ကပ်ရောဂါကာလ ရှည်ကြာလာတာနဲ့အမျှ စီးပွားရေး ထိခိုက်မှုပြီး စားဝတ်နေရေး အခက်အခဲ ကြီးမားလာတာကြောင့် စစ်ကိုင်းမြို့ ရပ်ကွက်အချို့က လူဦးရေနှစ်ရာလောက်ဟာ စစ်ကိုင်းတောင်ခြေက ဘုန်းကြီးကျောင်းအချို့က စွန့်မယ့် ထမင်းဟင်းတွေကို လာစောင့်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြပါတယ်။
2020-12-21
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Mytel ကုမ္ပဏီဟာ နိုင်ငံအဆင့် အကျင့်ပျက်ခြစားမှုကို လောင်စာဆီ ဖြည့်ပေးနေပြီး၊ တပ်မတော်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီရာ ရောက်နေတယ်လို့ မြန်မာနိုင်ငံအတွက် တရားမျှတမှု (Justice For Myanmar) အဖွဲ့က ဒီဇင်ဘာ ၂၀ ရက် မနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
2020-12-20
ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဝဏ်လွှာပေးပို့ရာမှာ ကမန်မျိုးနွယ်စုနာမည် ချန်လှပ်ခဲ့တာနဲ့ပတ်သက်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေခွင့်တောင်းဆိုထားတယ်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
2020-12-20
တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI – CMEC ကိစ္စမှာ မြေသိမ်းယာသိမ်း ပြဿနာတွေ ရှိနေပြီး ပြည်သူတွေ အခက်အခဲ ပိုမိုကြုံတွေ့လာမယ်ဆိုရင် ပြည်ထောင်စု အဆင့်အထိ တင်ပြဆွေးနွေးသွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။
2020-12-19
မြန်မာအလုပ်သမား သုံးသိန်းကျော် အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၅၀၀ ကျော်ရှိနေပါတယ်။ မနေ့ကအထိ ပိုးတွေ့သူထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦး ပါဝင်နေပြီး ဒီနေ့ထပ်တွေ့သူတွေထဲမှာ မြန်မာဘယ်လောက်ပါသလဲဆိုတာတော့ မသိရသေးဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။
2020-12-19
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် (BGF) တွေ လုံခြုံရေး တိုးမြှင့်ချထားပါတယ်။ ဒါဟာ လူထုအတွက် ကာကွယ်ပေးဖို့သာ ဖြစ်တယ်လို့ (BGF) ဘက်ကပြောပြီး မြို့ခံတွေကတော့ စိုးရိမ်နေကြပါတယ်။
2020-12-19
မိုးကုတ်မြို့နယ်အတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က ဒေသခံတချို့ကို ဖမ်းဆီး၊ ခြိမ်းခြောက် ငွေကြေးတောင်းခံတာတွေအတွက် ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်ခဲ့ပေမယ့် မန္တလေးတိုင်း အစိုးရက ခွင့်မပြုခဲ့ဘူးလို့ ဆန္ဒပြဦးဆောင်မယ့်သူတွေက ပြောပါတယ်။
2020-12-18
ပုသိမ်မြို့မှာ Stay Home အမိန့်ကို တိတိကျကျဆောင်ရွက်ရာမှာ နေအိမ်အပြင်ထွက်ကတ် မပါသူတွေနဲ့ Mask မတပ်သူတွေ ဆီကနေ ခုနှစ်ရက်အတွင်း ဒဏ်ကြေး ၄၅ သိန်းကျော် ရရှိခဲ့တယ်လို့ မြို့နယ်ကိုဗစ်ကော်မတီကနေ သိရပါတယ်
2020-12-18
ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်မှာနေထိုင်ရေး (Stay at home) အစီအစဉ်ကို ၁၅ ရက်တစ်ကြိမ် ထပ်တိုးသတ်မှတ်နေပေမယ့် ဒေသန္တရ အုပ်ချုပ်ရေးပိုင်းက လူစုလူဝေးဖြစ်ပေါ်နေတာတွေ အားနည်းတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။
2020-12-18
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာက လူအစုလိုက် အပြုံလိုက် အသတ်ခံရမှုမှာ သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူအတွက် နစ်နာကြေး ဒေါ်လာ နှစ်သန်း ပေးဖို့ ရိုဟင်ဂျာအမျိုးသမီးက မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ မြန်မာအစိုးရကတော့ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။
2020-12-18
နေပြည်တော်က Victoria ကလေးငယ် လိင်အကြမ်းဖက်မှုမှာ မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးက သူရဲ့ နစ်နာမှုအတွက် ကျပ်သိန်း ၅,၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲထားတဲ့ “ အမှုဖွင့် အဆိုလွှာကို" ဒက္ခိဏခရိုင်တရားရုံးက ဒီနေ့ လက်ခံလိုက်ပါတယ်။