သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-13
ဧပြီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖို့ ကြိုးပမ်းနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ ဆက်စပ်သူတစ်ဦး စုစုပေါင်း သုံးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
2024-04-13
PNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်လေးခုမှာ သုံးလဝန်းကျင်အတွင်း အရပ်သားခြောက်ဆယ်နီးပါး သေဆုံးခဲ့ပါတယ်။
2024-04-12
မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေကြောင့် အိန္ဒိယအစိုးရက စစ်တွေမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေကို ရန်ကုန်ကိုပြောင်းရွှေ့လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သောကြာနေ့က ပြောကြားပါတယ်။
2024-04-12
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးလှဆွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ပြောပါတယ်။
2024-04-12
ဖားဆောင်းမြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအဆင့် အပါအဝင် ၅၆ ဦးကို ဖမ်းမိထားတယ်လို့ KA တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
2024-04-12
ထိုင်းနဲ့ ကရင်ပြည်နယ် နယ်စပ်နှစ်ဖက်စလုံးမှာနေထိုင်တဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့၊ နယ်စပ်တည်ငြိမ်ဖို့နဲ့ လူသားချင်း စာနာထောက်ထားတဲ့အကူအညီတွေ ရရှိဖို့ကို အလေးထားလုပ်ဆောင်သွားမယ်လို့လည်း KNU က ဆိုပါတယ်။
2024-04-12
မြဝတီမြို့စောင့်တပ် ခလရ - ၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူလိုက်ပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ဖရီး ပါထီဟာနုကွန်း (Parnpree Bahiddha - Nukara) က ထိုင်း-မြန်မာနယ်စပ်ကို ဧပြီလ ၁၂ ရက်ဒီနေ့ လာရောက်ခဲ့ပါတယ်။
2024-04-12
ကျောက်ဖြူ၊ မင်းပြားနဲ့ စစ်တွေမြို့နယ်တွေမှာ သုံးပတ်အတွင်း မြေမြှုပ်မိုင်း နင်းမိလို့ တစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဧပြီ ၁၂ ရက်နေ့မှာ ပြောပါတယ်။
2024-04-12
စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ရဲ့ နေပြည်တော်က နေအိမ် ချိပ်ပိတ်ခံထားရတယ်လို့ သူ့ရဲ့မိတ်ဆွေတွေက ဧပြီ ၁၂ ရက်နေ့မှာ ပြောပါတယ်။
2024-04-12
ကြိမ်ချောင်းရွာအနီးက အောင်စစ်ပြင်ရွာမှာ အထိုင်ချထားတဲ့တပ်စခန်းဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်ရဲ ပူးပေါင်းအင်အား ခြောက်ရာခန့်ရှိတဲ့ စခန်းလို့ ဆိုပါတယ်။
2024-04-12
ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့အပြင် ဆေးဝါးပို့ခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။
2024-04-12
မိုးညှင်းမြို့က ခရစ်ယာန်ဘုရားကျောင်းထဲကို သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်လို့ ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ပေါလ်ခွေရှင်းအောင် ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
2024-04-12
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) က မိုက်ကယ်ရှစ်ဖာတို့ဟာ NUG ခေါင်းဆောင်ပိုင်းတချို့နဲ့ မနေ့က တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2024-04-12
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဧပြီလ ၁၁ ရက်နေ့အထိ နှစ်လနီးပါးအတွင်း အရပ်သားသေဆုံးမှု ရှစ်ဆယ်အထိရှိနေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။
2024-04-12
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးပြီး နောက်ထပ်ငါးဦး ဒဏ်ရာရခဲ့ပါတယ်။