သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-18
ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့က PCG Group တိရိစ္ဆာန်အစာ ထုတ်လုပ်ရေးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်လိုက်တဲ့ ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ် သမားတွေက တရားစွဲဆိုထားတယ်လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC က ပြော ပါတယ်။
2016-12-18
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ လိုင်ဖောင်စခန်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေ တာကြောင့် စခန်းအနီးတဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။
2016-12-18
တပ်မတော်ရဲ့ တိုက်ပွဲတွေ အောင်မြင်ဖို့နဲ့ တပ်မတော်ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသူတွေ စုစုပေါင်း တစ်ထောင်ခန့်က ဒီနေ့ ရန်ကုန်မြို့မှာ လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။
2016-12-18
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ၊ မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်း နီကယ်စက်ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-12-17
ရခိုင်ပြည်နယ်က အခြေအနေအတွက် ထာဝရတည်တံ့မယ့်အဖြေတရပ် ရှာဖွေရေးအတွက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Mardudi ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂ ရက် ကြာခရီး သွားရောက်ပါမယ်။
2016-12-17
ရန်ကုန်မြို့မှာ ဒီလ ၁၉ ရက်နေ့ရောက်ရင် ကျင်းပမယ့် အာဆီယံ-အရှေ့တောင် အာရှနိုင်ငံများအသင်း နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေ ထွက်ပြေးတဲ့ကိစ္စတင်ပြဖို့ ရည်ရွယ်ထားတယ်လို့ မလေး ရှား နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြလိုက်ပါတယ်။
2016-12-17
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန် တိုင်း သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ ကျင်းပခဲ့ပါတယ်။
2016-12-17
အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေး ဆိုင်ရာ အခွင့်အရေးစာချုပ်မှာ လက် မှတ်ရေးထိုးဖို့ အစိုးရကို အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။
2016-12-17
ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် ဖျက်သိမ်းကြောင်း အစိုးရ ထုတ် မြန်မာ့အလင်း သတင်းစာမှာပါတဲ့ ကြေညာချက်ဟာ မမှန်ကန်ကြောင်း ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက် ညီလာခံမှာ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
2016-12-17
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် က ကေအိုင်အေ အမာခံစခန်းတစ်ခုဖြစ်တဲ့ ဂီဒွန်တောင်ကုန်းကို လက်လွှတ်ဆုတ်ခွာလိုက်ရပြီ လို့ ကေအိုင်အိုအဖွဲ့က ဗိုလ်မှူးကြီး နော်လီက ဒီကနေ့ အတည်ပြုပြော ပါတယ်။
2016-12-17
မလေးရှားနိုင်ငံ Shah Alam ရှားအလမ်မြို့ မှာ မြန်မာအစိုးရ ဆန့်ကျင်ရေး လူထု စည်းဝေးပွဲတခုကို အစိုးရမဟုတ်တဲ့ အဖွဲ့ ၁၇ ဖွဲ့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၃ ရက်နေ့ကျင်းပဖို့ စီစဉ်နေ ပါတယ်။
2016-12-16
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ဇိုင်ရာ့ဒ်အယ်လ် ဟူစိန် က ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ အမြင်ကျဉ်းမြောင်း မှု၊ အကျိုးမဲ့ တလွဲတချော် လုပ်ဆောင်မှုတွေနဲ့ စာနာစိတ် ကင်းမဲ့မှုတွေကြောင့် မြန်မာပြည်နဲ့ အာရှဒေသအတွင်း ဆိုးဝါးတဲ့ ရေရှည်အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။
2016-12-16
ရခိုင်ပြည်နယ်မြောက်ပိုင်းက အရှိန်မြင့်လာ တဲ့ ပဋိပက္ခအရေးအလွတ် သဘောဆွေးနွေးဖို့ အာဆီယံ- အရှေ့တောင် အာရှနိုင်ငံများအသင်းဝင် ၁ဝ နိုင်ငံစလုံးက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရန်ကုန်မြို့မှာ ဒီလ ၁၉ ရက် မှာ တွေ့ဆုံကြပါမယ်။
2016-12-16
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ အမာခံစခန်းဖြစ်တဲ့ ဂီဒွန်တောင်ကုန်းကို တပ်မတော်က သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်နေတာနဲ့ ပတ်သက်ပြီး အတိပြုလို့ မရနိုင်သေးကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ က RFA ကို ဒီကနေ့ ညနေပိုင်း က ပြောပါတယ်။
2016-12-16
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖက် ကာကြားမှာ ကားအစီးရေထောင်နဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အတွက် ကုန်စည် စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုတွေ၊ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ယာဉ်ကြောပိတ်နေတဲ့ နေရာ မှာရောက်ရှိနေတဲ့ ကုန်တင်ယာဉ်မောင်းသမားတွေ က ပြောပါတယ်။