သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-07
ထိုင်းနိုင်ငံကို နှစ်နိုင်ငံ သဘောတူညီမှု အလုပ်အကိုင်စာချုပ် (MOU) စနစ်နဲ့ ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၃ ဦးဟာ စာချုပ်မှာပါတဲ့ အလုပ် မလုပ်ရတာကြောင့် အခက်အခဲဖြစ်နေပါတယ်။
2024-10-07
မောင်တောမြို့နယ်၊ တောင်ပြိုမြို့ကနေ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ပြီး ပြန်လာတဲ့ အရပ်သားကားတစ်စီးကို ARSA က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး နောက်ထပ် လေးဦးဒဏ်ရာရ သွားပါတယ်။
2024-10-07
ဒီနေ့မှာ ကွယ်လွန်သွားတဲ့ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ဟာ လုံလောက်တဲ့ ဆေးကုသခွင့်ကိုမရခဲ့ဘဲ အကျဉ်းစံဘ၀မှာ ပြင်းထန်တဲ့ နာမကျန်းဖြစ်မှုနဲ့ ရုန်းကန်ခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ NUG တို့က ထုတ်ပြန်ပြောဆိုပါတယ်။
2024-10-07
KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ရဲ့ ဒရုန်းဗုံးနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားတယ်လို့ KNU က အောက်တိုဘာလ ၇ ရက် မှာ ထုတ်ပြန်ပါတယ်။
2024-10-07
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖွန်ခရိုင်က အုန်းခြံတစ်ခုမှာ မူလတန်း မြန်မာကလေးငယ် ငါးဆယ်ကျော် စာသင်ကြားနေတဲ့ ကျောင်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီး ဆရာမတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ထိုင်းရောက်မြန်မာတွေက အောက်တိုဘာလ ၇ ရက်နေ့မှာ RFA ကိုပြောပါတယ်။
2024-10-07
ကသာမြို့မှာ သန်းခေါင်စာရင်း ကောက်ယူနေသူတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
2024-10-07
တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူခြောက်ဦးနဲ့ ဒဏ်ရာရသူ ဆယ်ဦးအထိ ရှိလာပါတယ်။
2024-10-07
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၄၀၅ ဦးကို သက်ဆိုင်ရာ နယ်စပ်ဂိတ်တွေမှာ ပြန်လည်လက်ခံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2024-10-06
အမာမြို့က ရပ်ကွက်တွေအတွင်း သန်းခေါင်စာရင်း လှည့်လှည်ကောက်ယူသူတွေကို ကျွေးမွေးဧည့်ခံဖို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-06
သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ဝင်တွေ အလုပ်တာဝန်ပြီးလို့ နေအိမ်တွေမှာ နေထိုင်နေချိန် အောက်တိုဘာ ၆ ရက်နေ့ ညနေက ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။
2024-10-06
NLD ပါတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အောက်တိုဘာလ ၇ ရက်နေ့ မနက် ၃ နာရီမှာ ကွယ်လွန်သွားပြီလို့ NLD ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2024-10-06
ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅ဝဝ ဗုံး အပါအဝင် ဗုံးငါးလုံး ကြဲချတဲ့အတွက် ဆယ်လသားအရွယ် ကလေးအပါအဝင် ရှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
2024-10-06
အောက်တိုဘာ ၅ ရက် နေ့လယ်ကစပြီး Starlink အင်တာနက်တွေကို ဖြတ်တောက်ထားလိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
2024-10-06
ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေယာဉ်၊ လက်နက်နဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ များစွာနဲ့ တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။
2024-10-06
အထူးသဖြင့် စစ်တပ်၊ ရဲနဲ့ အကျဉ်းဦးစီးက CDM ဝန်ထမ်းတွေကို အသနားခံစာမှာ လက်မှတ်ထိုး အလုပ်ပြန်ဝင်ခိုင်းနေတာလို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။