သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-03-01
သူတို့ဟာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းတာနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာကြောင့် ရှင်းလင်းတာလို့ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
2025-03-01
ဘားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခလရ-၃၁ တပ်စွဲထားတဲ့ ပူလူတူ စစ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံသုံးရာကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2025-03-01
ရိုဟင်ဂျာအရေး အပါအဝင် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့နည်းလမ်း ရှာဖွေရာမှာ ပြည်သူတွေရဲ့ စိတ်ဆန္ဒ၊ အကျိုးစီးပွားတွေနဲ့ကိုက်ညီပြီး ထိရောက်တဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ခံအားပေးမှုတွေကို မြန်မာပြည်သူတွေ လိုအပ်နေပါတယ်။
2025-03-01
ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျ စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။
2025-03-01
ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်စီးနင်းနေတာကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ရွှေဘိုမြို့ခံတွေက RFA ကို ပြောပါတယ်။
2025-02-28
မြန်မာပြည်သူတွေဟာ ဖော်ပြဖို့တောင် ခက်ခဲတဲ့ဒုက္ခတွေ ထပ်တလဲလဲ ခံစားနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) က ပြောပါတယ်။
2025-02-28
ကိုစိုင်းဇော်သိုက်နဲ့ နောက်ထပ် အကျဥ်းသားနှစ်ယောက်ဟာ နေ့စဥ် ရိုက်နှက်ညှဉ်းပန်းခံနေရကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက အတည်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2025-02-28
ဒီအထဲမှာ မကွေးတိုင်းက ၂၇ ဦးနဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းက ၂၆ ဦနဲ့ သေဆုံးမှု ဒုတိယအများဆုံးဒေသလို့လည်း ဆိုပါတယ်။
2025-02-28
တရားမဝင်နေထိုင်လို့ဆိုပြီး ဖမ်းဆီးပြီး ပြန်ပို့ခံရတာလို့ Myanmar Labour Affairs and Refugee Organization ဥက္ကဋ္ဌ ကိုမင်းထိုက်က RFA ကို ပြောပါတယ်။
2025-02-28
အာဏာသိမ်းကာလအတွင်း အွန်လိုင်းပေါ်ကနေ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုနဲ့ အွန်လိုင်းအသုံးပြုသူ ၁၈၈၄ ဦးအထိ ဖမ်းဆီးခံခဲ့ရပြီး ပျမ်းမျှအနေနဲ့ တစ်လမှာ လူငါးဆယ်ခန့် လစဉ် ဖမ်းဆီးခံခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။
2025-02-28
၂၀၂၅ ခုနှစ် ပထမနှစ်လတွင်း စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၁၂၃ ဦးအထိ ရှိလာပါတယ်။
2025-02-28
ဘဏ်တွေနဲ့ အွန်လိုင်းငွေကြေးစနစ်တွေကို တစ်နေရာတည်းမှာ စုစည်းအသုံးပြုနိုင်မဲ့ မြန်မာကျူအာ (MMQR) စနစ်ကို စစ်ကောင်စီက စတင်မိတ်ဆက်လိုက်ပါတယ်။
2025-02-28
ဂျပန်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ ဂျပန်နိုင်ငံသားတွေတင်မက ဂျပန်ဘာသာစကား တတ်ကျွမ်းတဲ့ မြန်မာနိုင်ငံသားတွေကိုပါ အသုံးချဖို့ ရည်ရွယ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
2025-02-27
အိမ်နဲ့ ခြံကို သုံးကြိမ်တိုင် လေလံတင်ရောင်းချခဲ့ပေမဲ့ ဝယ်ယူသူမရှိတာကြောင့် ဒီတစ်ကြိမ်မှာလည်း ဈေးလျှော့ပြီး ထပ်မံလေလံတင်ရောင်းချဖို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေအဖွဲ့က ကမာရွတ်ခရိုင်တရားရုံးကို တင်ပြခဲ့တာပါ။
2025-02-27
မြန်မာနိုင်ငံအရေးကို အမေရိကန် နိုင်ငံခြားရေးမူဝါဒထဲမှာ ဦးစားပေးအဖြစ် ထည့်သွင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးပွဲတက်ရောက်သူတွေက တောင်းဆိုခဲ့ကြပါတယ်။