သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-02-27
ကရင်ပြည်နယ် မြဝတီမြို့နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေမှာ ခိုင်းစေခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို လွှဲပြောင်းပေးခဲ့တာပါ။
2025-02-27
၁၇ ရက်ကြာ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အယောက်သုံးဆယ်နီးပါးသေဆုံးခဲ့တယ်လို့လည်း သရက်ချောင်းပကဖက ဆိုပါတယ်။
2025-02-27
ကွဲလွဲမှုတွေကို ငြိမ်းချမ်းစွားညှိနှိုင်းအဖြေရှာတဲ့ ချင်းအဖွဲ့နှစ်ဖွဲ့ရဲ့ နိုင်ငံရေးသဘောထားကြီးမှုဟာ စံပြုထိုက်ဖွယ်လို့လည်း ရေးသားထားပါတယ်။
2025-02-27
မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော် ကားလမ်းမကြီးကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေတာလို့ PDF Rescue Team က ပြောပါတယ်။
2025-02-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်မှုအပေါ် ပြန်သုံးသပ်ပေးဖို့ NLD က ဖေဖော်ဝါရီ ၂၇ မှာ ထုတ်ပြန်ပါတယ်။
2025-02-27
ရေကြည်မြို့နယ်မှာ အရပ်သား နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက် အသတ်ခံလိုက်ရပါတယ်။
2025-02-27
ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာနဲ့ အရင် KIA ဌာနချုပ်ဖြစ်ခဲ့တဲ့ လိုင်စင်ကို စစ်ရေးပစ်မှတ်ကို ဒရုန်းပါပစ်ချတိုက်ခိုက်တဲ့နည်းဖြစ်တဲ့ အသေခံဒရုန်း (suicide drone) နဲ့ တိုက်ခိုက်နေပါတယ်။
2025-02-27
မြန်မာအလုပ်သမား နှစ်ရာကျော်ကို ဖေဖော်ဝါရီ ၂၄ မှာ ထိုင်းအာဏာပိုင်တွေက ကော့သောင်းဘက်ကို ပြန်ပို့ခဲ့ပေမဲ့ စစ်တပ်က နေရပ်ပြန်မလွှတ်ဘဲ စစ်ဆေးနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
2025-02-27
ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားဆယ်ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။
2025-02-27
ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို မိမိဆန္ဒအလျောက် ဘေးကင်းကင်းနဲ့ နေရပ်ပြန်နိုင်ရေး ဖန်တီးပေးဖို့ အပါအ၀င် မြန်မာနိုင်ငံ အကျပ်အတည်းအတွက် နိုင်ငံရေးအရ အဖြေရှာရာမှာ သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကတိပြုလိုက်ပါတယ်။
2025-02-27
မုံရွာမြို့နယ်က စစ်ကောင်စီတပ်စခန်းနဲ့ ပဲခူးတိုင်းက စစ်ကောင်တပ်စခန်း ခုနစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ် (၁) စစ်ဒေသက ဖေဖော်ဝါရီ ၂၇ မှာ ထုတ်ပြန်ပါတယ်။
2025-02-27
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဒေသခံတွေကို လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ CDF မင်းတပ်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထန်ချွန်းဖေက RFA ကို ပြောပါတယ်။
2025-02-26
မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ရှိနေတယ်လို့ ယူဆရတဲ့ ဂျပန်နိုင်ငံသား နှစ်ဆယ်ခန့် ပျောက်ဆုံးနေကြောင်း Japan Today က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဖော်ပြပါတယ်။
2025-02-26
နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
2025-02-26
ချင်းအမျိုးသားကောင်စီပေါ်ပေါက်ဖို့ ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ ဖွဲ့ပြီး ဥပဒေပြဋ္ဌာန်းနိုင်ဖို့ အမြန်ဆုံးအကောင်အထည်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။