သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-02-26
ရွှေ့ပြောင်းမြန်မာ အလုပ်သမားအများစု အလုပ်လုပ်ရာနေရာတွေကို ဝင်ရောက်ဖမ်းဆီးနေတာဖြစ်တဲ့အတွက် သတိထားကြဖို့ ကိုမင်းထိုက်က RFA ကိုပြောပါတယ်။
2025-02-26
ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က ဝင်ရောက်စီးနင်းပြီး ကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် အပါအဝင် သုံးဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
2025-02-26
ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ လက်ပံတန်းမြို့နယ်မှာ စစ်မှုထမ်းဖို့ အတင်းအကျပ် ဖိအားပေးပြီး လူသစ်စုဆောင်းတဲ့ အုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အသတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။
2025-02-26
မြန်မာနိုင်ငံက အလုပ်သမားတွေ ရုရှားကိုစေလွှတ်ဖို့အတွက် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက MoU လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။
2025-02-26
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆုံကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးရဲ့ မင်္ဂလာပွဲကျင်းပချိန် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိလာပါတယ်။
2025-02-26
အိန္ဒိယ-ထိုင်း-မြန်မာ အဝေးပြေးလမ်းမ (IMTT) စီမံကိန်း ရပ်ဆိုင်းနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
2025-02-26
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ခုနစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2025-02-25
မြန်မာနိုင်ငံသားတွေအနေနဲ့ အရေးယူမခံရဖို့ နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးတဲ့အခါ တရားဝင်နည်းလမ်းနဲ့ သက်တမ်းတိုးဖို့ စစ်ကောင်စီသံရုံးက ပြောပါတယ်။
2025-02-25
CDM ဝင်လာ သူနှစ်ဦးဟာ လက်နက်ခဲယမ်းတွေယူပြီး စစ်ကောင်စီတပ်စခန်းတွေကို စွန့်ခွာလာတာလို့ အမည်မဖော်လိုတဲ့ SRF PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2025-02-25
သက်ဆိုင်ရာအစိုးရတွေနဲ့ အမြန်ဆုံးဆက်သွယ်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးကို ညွှန်ကြားထားကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
2025-02-25
သေဆုံးသူအရေအတွက်ဟာ ကောက်ယူရရှိတဲ့စာရင်းထက် ပိုများနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
2025-02-25
မြဝတီမြို့နယ်အတွင်းက ငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကနေ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံခြားသား ခြောက်ထောင်ကျော်ကို ထိန်းသိမ်းထားတယ်လို့ BGF က ပြောပါတယ်။
2025-02-25
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဒုခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးဖို့ ထိုင်းအစိုးရကို JFM က တိုက်တွန်းလိုက်ပါတယ်။
2025-02-25
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းက ဒုက္ခသည်တွေနဲ့ ဒေသခံ ၃၇၉၇ ဦးဟာ အရေပြားယားနာရောဂါဖြစ်နေတယ်လို့ အကူအညီပေးနေသူတွေက ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2025-02-24
မြန်မာနိုင်ငံနဲ့ တရားမဝင်ကုန်သွယ်မှုကို ရပ်ဆိုင်းဖို့အတွက် အိန္ဒိယအစိုးရက ပြင်ဆင်နေကြောင်း Times of India က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဖော်ပြပါတယ်။