သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-30
၂၀၁၀ ပြည့်နှစ် အတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းနဲ့
ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်း ကိုယ်တိုင် ကွင်းဆင်း ရေးသားထားတဲ့ စာရေး ဆရာမ
Emma Larkin ရဲ့ အားလုံး ကျိုးပဲ့ ပျက်စီးသွားပြီလို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ Everything is Broken
စာအုပ်ဟာ ထိပ်တန်း အကောင်းဆုံး ၄ အုပ်ထဲက တအုပ် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု
ဗားဂျီးနီးယား ပြည်နယ် ရစ်ချ်မွန်းမြို့မှာ ဒီကနေ့ ထုတ်တဲ့ ရစ်ချ်မွန်း (Richmond) သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
2010-12-30
တောင်ငူခရိုင် အတွင်းက ဖြူး မြို့နယ်၊ တောင်ငူ မြို့နယ်၊ ရေတာရှည် မြို့နယ်တွေက အဲန်အယ်လ်ဒီ လူငယ်တွေနဲ့ အတူ
တခြား လူငယ်တွေဟာ တောင်ငူ မြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့် နေအိမ်မှာ ဒီကနေ့ နေ့လည်က
တွေ့ဆုံ ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီရဲ့ လက်ရှိ သဘောထားတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။
2010-12-30
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက
ခေါင်းဆောင် တချို့ကို ဒီကနေ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
2010-12-29
တရုတ်အစိုးရပိုင် တောင်ပိုင်းပြည်နယ်များ စွမ်းအင်ကုမ္ပဏီရဲ့ ယူနန်ပြည်နယ် လုပ်ငန်းခွဲဟာ
၂၀၁၀ ပြည့်နှစ် ပထမ ၁၁ လ အတွင်း မြန်မာနိုင်ငံက ရွှေလီ မြန်မာရေအား လျှပ်စစ်ဓာတ်အား
စက်ရုံ အမှတ် ၁ ကနေ နာရီဝပ် သန်းပေါင်း ၃ ထရီလီယံ တင်သွင်းခဲ့တယ်လို့ ကုမ္ပဏီရဲ့
ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
2010-12-29
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က ကလေးစစ်သား ဖြစ်ခဲ့တဲ့ မောင်ချစ်စမ်းမောင် (ခေါ်) ဆနေဝင်းထွန်း ကို စစ်တပ် အရာရှိတွေက
စစ်ပြေးမှုနဲ့ဖမ်းသွားပြီးတဲ့နောက် သေဆုံးသွားတဲ့ အတွက် ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ကြား ထားတယ်လို့သိရပါတယ်။
2010-12-29
ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ချင်းပြည်နယ်မှာ အစားအစာ ရှားပါးမှု ကြုံတွေ့နေရတဲ့ မြို့နယ်တွေက
ဒေသခံတွေကို အကူအညီပေးဖို့ ဆွေးနွေးခဲ့တဲ့ အတွက် ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကနေ
့အဲဒီဒေသတွေက အခြေအနေမှန်တွေကို တင်ပြနိုင်ဖ့ို စတင် စုံစမ်းနေပြီလို့သိရပါတယ်။
2010-12-29
ဇန္နဝါရီလ ၄ ရက်နေ့မှာ ကျင်းပမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုုပ်ရဲ့ လွတ်လပ်ရေးနေ့အခမ်းအနားမှာ
နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရံပုံငွေ ရှာဖွေပွဲ ကျင်းပပြုလုပ်ဖို့ စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။
2010-12-29
သဘာဝဘေးအန္တရာယ်ကြောင့် အတိ ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံက နာဂစ်နဲ့ ဂီရိ မုန်တိုင်းသင့် ပြည်သူတွေကို
နှစ်သစ်မှာ ကူညီကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေက
Appeal For The Cyclone Victims of Burma မြန်မာပြည်က မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီကြပါ ဆိုတဲ့
ပန်ကြားလွှာ ထုတ်ပြန်ပြီး စေတနာရှင် တသီးပုဂ္ဂလတွေ၊ အသင်းအဖွဲ့တွေနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးကို တိုက်တွန်း
နှိုးဆော် လိုက်ပါတယ်။
2010-12-28
ဓါတ်ပုံသတင်းထောက် ကိုစည်သူဇေယျ ကို ဒီလ ၂၁ ရက်နေ့က ထောင်ဒါဏ် ၈ နှစ် ချမှတ် ခဲ့တာနဲ့
ပတ်သက်လို့ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့ RSF နဲ့ မြန်မာ သတင်းသမဂ္ဂ
BMA တို့က ဒီကနေ့ ပူးတွဲ ကြေငြာချက် ထုတ်ပြန်ပြီး မြန်မာစစ် အစိုးရကို ရှုတ်ချ လိုက်ပါတယ်။
2010-12-28
ပါတီရပ်တည်ရေးအတွက် အခြားပါတီတွေ စီးပွားရေးလုပ်ငန်းတွေ ထူထောင်လုပ်ကိုင်ဖို့
ဆောင်ရွက်နေချိန်မှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တစည ခေါ်
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီအနေနဲ့ လောလောဆယ်မှာ စီးပွားရေး လုပ်ငန်း အသစ်တွေ
တိုးချဲ့လုပ်ကိုင် မှာ မဟုတ်ဘူးလို့ သိရပါတယ်။
2010-12-28
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းနဲ့ ပြည်နယ် အသီးသီးက NLD အဖွဲ့ဝင် မဟုတ်တဲ့
လူငယ် နှစ်ရာကျော်နဲ့ ရွှေဂုံတိုင်လမ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြတယ်လို့
သတင်း ရရှိပါတယ်။
2010-12-28
ဒီသတင်းနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုမှာ ဒုက္ခသည် အဖြစ် ခိုလှုံနေထိုင်ခွင့်ရထားတဲ့ မြန်မာ
ကျောင်းသား တပ်မတော် ABSDF အဖွဲ့ဝင်ဟောင်းတွေဆီကို ဒေသဆိုင်ရာ လူထု အထောက်အကူပြု အဖွဲ့အစည်းက
တဆင့် ဒီဇင်ဘာလ (၂၂) ရက်မှာ အကြောင်းကြားခဲ့တယ်လို့ ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်က
အာအက်ဖ်အေကို ပြောပါတယ်။
2010-12-28
အမေရိကန်ပြည်ထောင်စုမှာ လူချစ်လူခင် အများဆုံး ပုဂ္ဂိုလ်များ စာရင်းကို နှစ်စဉ် လူထု သဘောထား ကောက်ခံပြီး
ဖေါ်ပြနေတဲ့ Gallup စာရင်းအရ ၂၀၁၀ ခုနှစ် အမေရိကန် ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှု အရှိဆုံး နိုင်ငံခြားသူ စာရင်းထဲမှာ
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ပါတယ်။
2010-12-28
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံကို လာရောက် လည်ပတ်ဖို့
ကနေဒါ ဝန်ကြီးချုပ် Mr. Stephen Harper က ဖိတ်ကြားလိုက်ပါတယ်။
2010-12-27
မန္တလေးတိုင်းအတွင်းက နိုင်ငံရေး အကျဉ်းသားတွေကို ကူညီ ထောက်ပံ့ပေးနေတဲ့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက နိုင်ငံရေးအကျဉ်းသား ၄ ဦးအတွက် အလှူငွေ ကျပ် ၅ သောင်းစီ ဒီကနေ့ ထောက်ပံ့ကူညီ ပေးခဲ့တယ်လို့ သိရပါတယ်။
2010-12-27
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ် အမြန် ရောက်ဖို့ ဆိုရင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေတို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ လိုကြောင်း ပြည်ထောင်စုဒီမိုကရေစီပါတီ UDP က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2010-12-27
အိုင်ယာလန်နိုင်ငံက နှစ်စဉ် ချီးမြင့်တဲ့ ၂၀၁၀ ပြည့်နှစ်အတွက် Tipperary နိုင်ငံတကာ ငြိမ်းချမ်းရေးဆု အတွက် ပဏာမ ဆန်ကာတင် ဆုရှင် စာရင်းကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ဆုချီးမြင့်ရေးအဖွဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။
2010-12-27
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ၂၂ နှစ်မြောက်နေ့အဖြစ် ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို သံဃာတော်တွေ ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူခဲ့ကြောင်း သိရပါတယ်။
2010-12-26
ပြည်တွင်း သတင်းစာဆရာတချို့ စုပေါင်းပြီး မြန်မာပြည်မှာ ရေးသားထုတ်ဝေနေတဲ့ သတင်း စာစောင်တွေထဲက ထူးချွန်ပြောင်မြောက်တဲ့ စာနယ်ဇင်းသမားတွေရဲ့ လက်ရာတွေကို (၅) မျိုး ခွဲခြားကာ နှစ်စဉ် ဆုရွေးချယ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
2010-12-26
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင်နိုင်ငံ အထက် လွှတ်တော်အမတ် Loren Legarda က ဒီကနေ့ နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2010-12-26
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားရေးမှာ အိန္ဒိယအစိုးရက နှုတ်ဆိတ် နေတာကို အိန္ဒိယအမျိုးသား စီးပွားရေးနိုဘဲဆုရှင် အမာတီယာဆန်က ဒီကနေ့ ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို အားပေးစကား ပြောဆိုမှု မရှိတဲ့အပေါ် အမေရိကန် သမ္မတအိုဘားမားက အိန္ဒိယအစိုးရကို ဝေဖန်တာကိုလည်း ထောက်ခံလိုက်ပါတယ်။
2010-12-25
မကြာသေးခင်က ကျင်းပခဲ့တဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နှစ်ပတ် လည် အစည်းအဝေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ညီညွတ်ရေး၊ ကရင်ပြည်နယ်အတွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲရေးကိစ္စတွေ ဆွေးနွေးခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် စစ်အစိုးရကို တိုက်ပွဲဝင် ဖိအားပေးဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
2010-12-25
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က လယ်သမား ၃၆ ဦးရဲ့ လယ်ယာမြေ ဧက ၁ ရာ သိမ်းဆည်းခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေက မနေ့က ညနေပိုင်းက ခေါ်ယူတွေ့ဆုံပြီး လယ်မြေနေရာ အစားထိုးပေးမယ့် အကြောင်း ကမ်းလှမ်းချက်ကို လယ်သမား ၃၆ ဦးက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
2010-12-25
အရင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်ခဲ့ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဒေါက်တာဝင်းနိုင်တို့ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံပြီး သူတို့ ဘာ့ကြောင့် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြတယ်ဆိုတာကို ရှင်းပြမယ်လို့ သိရပါတယ်။
2010-12-25
ကချင်ပြည်နယ်အတွင်း နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်တွေနဲ့ ကချင် လွတ်လပ်ရေးတပ်မတော် အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လမ်းပန်း ဆက်သွယ်မှု လျော့နည်းသွားပြီး ဆေးဝါးပစ္စည်း ရှားပါးနေတာကြောင့် ပူတာအိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တချို့ ဆေးကုသဖို့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
2010-12-25
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ခွဲထွက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပထမဦးဆုံး အကြိမ်အဖြစ် သွားရောက်တွေ့ဆုံဖို့ ရှိတယ်လို့ ကြေညာပါတယ်။
2010-12-24
“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” မေးဖြေခန်း ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်မှာ မနိုင်ခြူးဝေ (နော်ဝေ)၊ ဒေါ်မော်လီ (ကနေဒါ)၊ ကိုအိုတူး (ထိုင်း)၊ ကိုထိုက်မင်း (ဖင်လန်)၊ ကိုကျော်စစ်နိုင် (အမေရိကန်)၊ ကိုစတီဗင် (ဆွီဒင်) တို့ရဲ့ မေးခွန်းတွေ ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
2010-12-24
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက NLD က မဖြူဖြူသင်း၊ ကိုရာဇာတို့ရဲ့ HIV/AIDS ဝေဒနာသည် ကူညီ စောင့်ရှောက်ရေး လုပ်ငန်းတွေကို ကူညီ ပံ့ပိုးပေးမယ်လို့ ပြောဆိုကြောင်း သတင်း ရရှိပါတယ်။
2010-12-24
ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Steve Marshall နဲ့တွေ့ဆုံပြီး အခက်အခဲတွေ တင်ပြခဲ့ကြတဲ့ အောင်လံမြို့နယ်က လယ်သမားတွေကို သူတို့ စိုက်ပျိုးထားတဲ့ လယ်မြေတွေထဲ မဝင်ရတော့ဘူး ဆိုပြီး ကပစ (၁၅) စစ်တပ်က ပိတ်ပင် တားမြစ်လိုက်တဲ့အတွက် ရန်ကုန် ILO ရုံးကို လယ်သမားတွေ ဒီကနေ့ သွားရောက် တိုင်တန်းခဲ့ကြပါတယ်။
2010-12-23
မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။