သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-06
အိန္ဒိယနဲ့ မြန်မာ ပုံမှန် နယ်စပ်ကုန်သွယ်ရေး စတင်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယဖက်ခြမ်းက က မိုးရေးမြို့ဟာ မြန်မာ ကျောင်းသူကျောင်းသားတွေအတွက် ပညာသွားရောက်သင်ကြားရာ နေရာတခု ဖြစ်လာနေတယ်လို့ သိရပါတယ်။
2010-12-06
မြန်မာနိုင်ငံအတွင်းက (HIV/AIDS) ရောဂါ ဝေဒနာ ခံစားနေရသူတွေအတွက် ရန်ပုံငွေရှာဖွေပွဲ တပွဲ ကို ဒီဇင်ဘာ ၄ ရက် တနင်္ဂနွေ နေ့လည်ပိုင်းက အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပခဲ့ ကြပါတယ် ။
2010-12-05
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ သူသွားလာခွင့်ရတဲ့ သာရေးနာရေး ကိစ္စတွေမှာ နောက်လိုက်ဟောင်းတွေနဲ့ အဆက်အသွယ် ရှိခဲ့တာနဲ့ ဆက်နွယ်ပြီး လုံခြုံရေးအရ ပိုမိုတင်းကြပ်တဲ့ နေရာတခုကို ပို့ဆောင် လိုက်တာ ဖြစ်နိုင်ကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဝေဖန်လိုက်ပါတယ်။
2010-12-05
ရွေးကောက်ပွဲ မတိုင်ခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရင် အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့် ပေးမယ်ဆိုပြီး ရခိုင်ပြည်နယ်အတွင်းမှာ မဲဆွယ် စည်းရုံးခဲ့ပေမယ့် အခု ရွေးကောက်ပွဲ ပြီးချိန်မှာတော့ ကတိမတည်လို့ သံတွဲမြို့ခံတွေက မကျေနပ်ကြဘူးလို့ သိရပါတယ်။
2010-12-05
မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ စစ်ရေး မတည်ငြိမ်လို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသား ပင်ပေါင် ဘောလုံးသဖွယ် ထိုင်းဘက်ကနေ အချိန်မတန်ခင် အကြိမ်ကြိမ် ပြန်ပို့နေတာကို ရပ်တန့်ဖို့ အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2010-12-05
အိန္ဒိယနိုင်ငံက လူမှု အဖွဲ့အစည်းတခု ဖြစ်တဲ့ Manav Ekta Parishat “ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စည်းရုံးမှု” အဖွဲ့အစည်းက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို “Queen of Myanmar Democracy and Human Rights” “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး သူရဲကောင်းဆု” ဒီနေ့ ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။
2010-12-04
မြန်မာ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လန်ဒန် အခြေစိုက် Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးနဲ့ နယူးဇီလန်နိုင်ငံရောက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign New Zealand (BCNZ) အဖွဲ့တို့ ပူးပေါင်းပြီး “Write for Rights”- “မိမိ မွေးရာပါ လူ့အခွင့်အရေးအတွက် စာရေးကြပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတရပ်ကို Auckland နဲ့ Wellington မြို့တွေမှာ မနေ့က စတင်ခဲ့တယ်လို့ သိရပါတယ်။
2010-12-04
ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကူညီ ထောက်ပံ့တဲ့ အလှူငွေ ၃၉ သိန်းကို လေဘေးသင့် ပြည်သူတွေထံ NLD အဖွဲ့ဝင်တွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
2010-12-04
ကေအိုင်အို တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နဲ့ ဗန်းမော်မြို့ အခြေစိုက် စစ်အစိုးရတပ် ခလရ ၂၃၆ တို့ ကချင်ပြည်နယ် လွယ်ကျယ်မြို့ အနီးမှာ ဒီကနေ့ နေ့လည်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
2010-12-04
ပြီးခဲ့တဲ့အပတ်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ပတ်သက်ပြီး အသံမပါတဲ့ ဗီဒီယိုမှတ်တမ်းတခု အင်တာနက်မှာ ထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီတို့ အပြန်အလှန် ပြောစကားအသံတွေပါတဲ့ ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာပြန်ပါတယ်။
2010-12-03
RFA က အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ မေးဖြေခန်း ဒီတပတ် အစီအစဉ်မှာ- သံဃာ့တပ်ပေါင်းစု (ပြည်ပ) တာဝန်ခံ အရှင်ပညာဇောတ (အမေရိကန်)၊ မဇိုယာဖန်း (ဗြိတိန်) ၊ မဇင်မာဝင်း (ဗြိတိန်) ၊ မတင်သူဇာဆွေ (ဗြိတိန်) ၊ မအိချော (ထိုင်း) ၊ ကိုပန်းမောင် (အမေရိကန်)၊ မငဲမူစိုး (အီတလီ) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
2010-12-03
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ နယူးဇီလန်နိုင်ငံအနေနဲ့ ပါဝင်ပံ့ပိုး ကူညီပေးဖို့ ဒီဇင်ဘာ ၂ ရက် မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။
2010-12-03
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇောက သူ့ ရဲ့ ၉၁ နှစ်မြောက်မွေးနေ့ ဖြစ်တဲ့ ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ လုပ်ကိုင်နေကြတာကို အားရတဲ့အကြောင်းနဲ့ တပ်မတော်ကိုလည်း ပြည်သူလူထုဖက်က ရပ်တည်ဖို့ သမီးဖြစ်သူကတဆင့် သတင်းစကား ပါးလိုက်ပါတယ်။
2010-12-03
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီးကျူးထောပနာပြုခံရတဲ့ ပဲခူးတိုင်း အနောက်ခြမ်း မင်းလှ မြို့နယ်က နာရေးကူညီမှုအသင်းရဲ့ နာယကအဖွဲ့ဝင်တွေကို မြို့နယ်အာဏာပိုင်တွေက နှောင့်ယှက် ဖိအားပေးနေတယ်လို့ သိရပါတယ်။
2010-12-03
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် ဘယ်လ်ဂျီယံ သံအမတ်ကြီးနဲ့ သြစတြီးယား သံအမတ်ကြီးတို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၃ ရက် ဒီကနေ့ လာရောက် တွေ့ဆုံဆွေးနွေးကြောင်း NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အတည်ပြု ပြောဆိုပါတယ် ။