သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-16
နှစ်ပေါင်း ၂၀ အတွင်း ၁၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားခဲ့ရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် မြန်မာပြည်သူတွေ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပေမဲ့ သူ့ရဲ့ အသက်အန္တရာယ် လုံခြုံရေး ဒါမှမဟုတ် ပြန်ပြီး အကျယ်ချုပ် ထိန်းသိမ်းခံရမှာကို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက စိုးရိမ်နေကြပါတယ်။
2010-11-16
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးတဲ့နောက် မြန်မာစစ်အစိုးရရဲ့ ရှေ့ခြေလှမ်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Philip Crowley က နိုဝင်ဘာ ၁၅ ရက် တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
2010-11-15
အာဆီယံအဖွဲ့ရဲ့ အနာဂတ် ဥက္ကဋ္ဌ နိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရရဲ့ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက် ပွဲ အပေါ် ဦးဆောင် စစ်ဆေးသုံးသပ်ဖို့ အင်ဒိုနီးရှား လွှတ်တော်အမတ်တဦးက နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။
2010-11-15
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို လှိုက်လဲှစွာ ကြိုဆိုပါကြောင်းနဲ့ ဒီမိုကရေစီအင်အားစု အားလုံးနဲ့ လက်တွဲ လုပ်ဆောင်မယ်ဆိုတဲ့ ပြောကြားချက်ကို အလေးအနက် ထောက်ခံ ကြိုဆိုပါကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2010-11-15
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့အတွက် ပျော်ရွှင် ဝမ်းမြောက် ရတယ်လို့ အရှေ့တီမောနိုင်ငံ သမတ ရာမို့စ်-ဟိုဆေး ဟော်တာက နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2010-11-15
သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကနေ လွတ်မြောက်လာ တဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း ကင်ဘာရာမြို့မှာ နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ စတင်ကျင်းပတဲ့ ဗဟိုအစိုးရ လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောပါတယ် ။
2010-11-15
နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ ဗဟန်း ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရုံးချုပ်မှာ ပထမဆုံးနေ့ အဖြစ် ပါတီ လုပ်ငန်းတာဝန်တွေကို စတင် ထမ်းဆောင်တယ်လို့ သိရပါတယ်။
2010-11-15
ရခိုင်ပြည်နယ် ဂီရီမုန်တိုင်းသင့်တဲ့ ဒေသတွေထဲမှာ ပါဝင်ခဲ့တဲ့ ပေါက်တောမြို့နယ်မှာ ပင်လယ်ဒီရေ မဝင်အောင် တားတဲ့ တာတမံကို ဆည်မြောင်းဦးစီးဌာနက ဝန်ထမ်းကိုယ်တိုင်က ဖျက်ဆီးခဲ့တဲ့အတွက် အခုအခါမှာ လယ်မြေဧက တထောင်ကျော်လောက် ဆားငံရေ ဝင်ပြီး ပျက်စီး ကုန်တယ်လို့ သိရပါတယ်။
2010-11-15
နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချု ပ်ရုံးမှာ လူထုဟောပြောပွဲတရပ် ကျင်းပခဲ့ရာမှာ ပြည်သူလူထု သိန်းဂဏန်း တက်ရောက်ခဲ့ပါတယ်။
2010-11-14
နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ရှေ့မှာ ၇ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်သူလူထုကို ဒီကနေ့ နေ့လည် မိန့်ခွန်း ပြောကြားရာမှာ ပရိသတ် ၁ သိန်းကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
2010-11-14
နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို NLD ရုံးချုပ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2010-11-14
နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ ဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူက သူ ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတချပ် မနေ့က ညပိုင်းမှာ လက်ဆောင် သွားပေးခဲ့တယ်လို့ သိရပါတယ်။
2010-11-14
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာဖို့ ပြည်သူတွေ ပိုပြီးပါဝင်ဖို့ လိုတယ်လို့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ RFA ကို ပြောကြားပါတယ်။
2010-11-13
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာလာချင်းပဲ ခြံဝမှာ စောင့်နေတဲ့ ပရိသတ် ထောင်ပေါင်းများစွာကို ကျေးဇူးတင်စကား ပြောကြားရင်း ညီညွတ်ရေးနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ရေး စကားတွေကို ပြောကြားခဲ့ပါတယ်။
2010-11-13
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေ ၅ နာရီ ၁၅ မိနစ်က နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပါပြီ။ လွတ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ခြံရှေ့ထွက်ပြီး လူထုကြီးကို နှုတ်ဆက်စကား ပြောပါတယ်။ အဲဒီလို ပြည်သူလူထုကို နှုတ်ဆက်စကား ပြောဆိုရာမှာ မိမိတို့အားလုံး ရှေ့ဆက်ပြီး ညီညီညွတ်ညွတ်နဲ့ လက်တွဲ ဆောင်ရွက်ကြရမယ်လို့ ပြောဆိုခဲ့ပါတယ်။