သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-21
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံကို အောက်တိုဘာ ၂၉ ရက်နေ့မှာ နေပြည်တော်မှာ ကြားနာမယ်လို့ ဒီကနေ့ အောက်တိုဘာ ၂၁ ရက်မှာ ရန်ကုန်ဗဟိုတရားရုံးက ကြေညာလိုက်ပါတယ်။
2010-10-21
အောက်တိုဘာလ ၂၀ ရက် ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် Johns Hopkins တက္ကသိုလ်က SAIS ခေါ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေးသိပ္ပံနဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တို့ ပူးတွဲပြီး မြန်မာ့အရေးဆွေးနွေးပွဲ တရပ်ကို ကျင်းပခဲ့ကြပါတယ်။
2010-10-20
စစ်အစိုးရရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲ ကာလ တဝက်ကျိုးလာပြီ ဖြစ်ပေမဲ့ သိပ်ပြီး စိတ်ဝင်စားစရာတွေ အံ့ဩစရာတွေတော့ မတွေ့ရသေးပါဘူး ။ ကြံ့ဖွံ့ပါတီကပဲ အပြတ်အသတ် အနိုင် ရမှာပဲလို့ ကောက်ချက်ချ နေကြပါတယ်။
2010-10-20
နိုဝင်ဘာလ ၇ ရက်မှာကျင်းပမဲ့ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့ I vote ဆိုတဲ့စာတမ်းပါ ရှပ်အင်္ကျီအဖြူ ဝတ်ဆင်ထားတဲ့ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ မနေ့က စတင်တယ်လို့ သိရပါတယ်။ လူစည်ကားတဲ့ နေရာတွေမှာ လူငယ်ယောကျ်ား၊ မိန်းကလေးတွေ အုပ်စုလိုက် လမ်းလျှောက်နေကြတဲ့ ဓာတ်ပုံတွေကို အင်တာနက်စာမျက်နှာပေါ်မှာ ဖြန့်ဝေတာ တွေ့ရပါတယ်။
2010-10-20
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစိုးရရဲ့ တောင်းဆိုချက်ကို ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) က လက်မခံခဲ့တဲ့အတွက် စစ်အစိုးရနဲ့ KIO ကြား တင်းမာမှုတွေ ဖြစ်ပွားနေခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ နှစ်ဖက် တင်းမာမှုတွေ ပိုပြီး တိုးလာခဲ့ပါတယ်၊၊
2010-10-20
အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနီး မုန်တိုင်းနှစ်ခု တပြိုင်နက်လိုလို ဖြတ်သန်းသွားဖို့ အလားအလာ ရှိတဲ့အတွက် အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်း မြန်မာ့မိုးလေဝသပညာရှင် ဦးထွန်းလွင်က ဒီကနေ့ အောက်တိုဘာ ၂၀ ရက်မှာ RFA ကို ပြောကြား ပါတယ်။
2010-10-20
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ အခုထက် ပိုမိုထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဆီကို ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်) က အောက်တိုဘာ ၂၀ ရက် ဒီကနေ့ တိုက်တွန်းစာတစောင် ပေးပို့လိုက်ကြောင်း သိရပါတယ်။
2010-10-20
အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမဲ့ ရွေးကောက်ပွဲ ဖြစ်ပေမဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားတွေကို ဝင်ရောက်ခွင့် ပေးမှသာ အများ လက်ခံ ယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က အောက်တိုဘာ ၂၀ ရက် ဒီကနေ့ ပြောကြားပါတယ်။
2010-10-20
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်ခင်ခင်ဝင်းတို့သားအမိရဲ့ အထူးအယူခံ လျှောက်ထားမှုကို မြန်မာနိုင်ငံ တရားရုံးချုပ်က လက်ခံလိုက်ကြောင်း အောက်တိုဘာ ၂၀ ရက် ဒီကနေ့ နေ့လည်ပိုင်းမှာ ကြေညာတယ်လို့ သိရပါတယ်။
2010-10-20
ကမ္ဘာ့သတင်းနဲ့စာနယ်ဇင်း လွတ်လပ်မှုအကင်းမဲ့ဆုံး ၁၇၈ နိုင်ငံမှာ မြန်မာနိုင်ငံက နောက်ဆုံး ၅ နိုင်ငံထဲမှာ ပါဝင်နေတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ ဒီနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2010-10-19
မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းနဲ့ တောင်ဖက်ခြမ်းဒေသတွေမှာ ကလေးနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အခြေအနေ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေကြောင်း အောက်တိုဘာ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ လေ့လာခဲ့တဲ့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2010-10-19
စစ်အစိုးရ နိုဝင်ဘာ ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာသူတွေနဲ့ နိုင်ငံခြား သတင်းထောက်တွေ သတင်း ဝင်ရောက်ရယူခွင့် ပိတ်ပင်လိုက်တာနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံက ဝေဖန်လိုက်ပါတယ်။
2010-10-19
သိရီလင်္ကာနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာသာမဏေနဲ့သီလရှင်ငယ် ၁၀၀ ကျော်ထဲက ၃၅ ဦးဟာ ဒီကနေ့ နေ့လည် ၁၁ နာရီလောက်မှာ မလေးရှားလေကြောင်းနဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာတယ်လို့ စုံစမ်းသိရှိရပါတယ်။
2010-10-19
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်းတို့ကို ရန်ကုန်မြို့ သြစတြေးလျသံရုံးက သံအမတ်ကြီးနဲ့ သံအရာရှိတွေ အောက်တိုဘာ ၁၉ ရက် ဒီကနေ့ လာရောက် တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။
2010-10-19
မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကော်မရှင်တရပ်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်မယ် ဆိုရင် ကျူးလွန်သူတွေရဲ့ လုပ်ရပ်တွေကို အားပေးအားမြှောက် ပြုရာရောက်စေမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မနက်ဖြန်မှာ တင်ပြမဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။