သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-08-24
UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ နယ်မြေအတွင်း လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ပြုလုပ်ခွင့် မပေးနိုင်ကြောင်း စစ်အစိုးရကို UWSA က ဒီကနေ့ အကြောင်းကြား လိုက်တယ်လို့ ပန်ဆန်း အခြေစိုက် ဝအရာရှိတဦးက RFA ကို ပြောပါတယ်။
2010-08-24
နိုဝင်ဘာလမှာ ရွေးကောက်ပွဲ လုပ်တော့မယ်လို့ ကြေညာထားတဲ့ မြန်မာစစ်အစိုးရဟာ အခု သီတင်းပတ် တွေအတွင်း ရန်ကုန်မြို့မှာရှိတဲ့ အစိုးရ အဆောက်အအုံတွေ၊ ရုံးတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
2010-08-23
၂၀၁၀ ရွေးကောက်ပွဲဟာ စစ်အာဏာပိုင်တွေ အလိုကျ အုပ်ချုပ်နိုင်မယ့် ရုပ်သေးအစိုးရတရပ် ပေါ်ပေါက်လာရေး လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသား အားလုံးက ဝိုင်းဝန်း ဆန့်ကျင်သွား ကြဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက နှိုးဆော်လိုက်ပါတယ်။
2010-08-23
ထောင်ကျခံနေရတဲ့ အကျဉ်းသားတွေ ကို လွှတ်ပေးဖို့ အကျဉ်းဦးစီးဌာန အာဏာပိုင်တွေ စီစဉ်နေတယ်လို့ သီတဂူဆရာတော် အရှင် ဒေါက်တာ ဉာဏိဿရ က RFA ကို မိန့်ကြားပါတယ်။
2010-08-23
မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက် ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက နေပြည်တော် သင်တန်းဆင်းပွဲတခုမှာ ပြောဆိုပါတယ်။
2010-08-22
လာမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တရာနီးပါးအထိ ပါဝင် ယှဉ်ပြိုင်နိုင်မယ်လို့ NDF ပါတီ က ဒီကနေ့ ပြောကြားပါတယ်။
2010-08-22
စစ်အစိုးရ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရခိုင်ပြည် အနောက်ပိုင်း နယ်စပ်ဒေသက ရိုဟင်ဂျာ အများစု နေထိုင်တဲ့ ဘူးသီးတောင်၊ မောင်းတောမြို့နယ်တွေမှာ လူထုကို မက်လုံးတွေပေးပြီး စည်းရုံးနေတယ်လို့ သိရပါတယ်။
2010-08-22
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် ကုလသမဂ္ဂအဖွဲ့က စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ လှုပ်ရှားမှုမှာ နယူးဇီလန်နိုင်ငံ ပါဝင်ရေးအတွက် နယူးဇီလန်အမတ်တွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
2010-08-21
ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည် ပြီးတဲ့နောက်မှ ထုတ်ပြန်ရမယ့် အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ရွေးကောက်ပွဲ မတိုင်ခင်ထဲက စစ်အစိုးရက အမိန့်နဲ့ ထုတ်ပြန်ထားပါ တယ်။ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး လက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ယှဉ်ပြီး ဦးစိန်ကျော်လှိုင်က သုံးသပ်တင်ပြထား ပါတယ်။
2010-08-21
၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးဘဲ ဆန့်ကျင်သွားကြဖို့ တိုက်တွန်း နှိုးဆော်ထားတဲ့ စာရွက်စာတမ်းတွေကို သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဆွမ်းခံကြွတဲ့ သံဃာတော်တွေက ဒကာ ဒကာမတွေရဲ့ နေအိမ်တွေမှာ ဖြန့်ဝေပေးခဲ့ကြတယ်လို့ သိရပါတယ်။
2010-08-21
စစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ကြောင့် ရွေးကောက်ပွဲ နီးလာလေ နိုင်ငံရေးပါတီတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ပိုပြီး ကြီးမားလာတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုပါတယ်။
2010-08-21
၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ပြင်နေတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ရဲ့ နာယက ရှမ်းအမျိုးသား ဦးရွှေအုန်း ဟာ သြဂုတ်လ ၂၀ ရက် ညနေ ၆ နာရီ ဝန်းကျင်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။
2010-08-21
စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပေမယ့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို လက်မခံတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ဝ နဲ့ မိုင်းလားအဖွဲ့တွေကို သြဂုတ်လ ၂၀ ရက်နေ့မှာ တြိဂံဒေသတိုင်း တိုင်းမှူးက သီးခြားစီ ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2010-08-20
အရှေ့တီမောသမတ Jose Ramos-Horta ရဲ့ ဖိတ်ကြားချက်အရ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း သြဂုတ်လ ၂၀ ရက် ဒီကနေ့ အရှေ့တီမောနိုင်ငံကို ရောက်အလာမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝိုင်းဝန်းဆန္ဒပြကြပါတယ်။
2010-08-20
မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတဲ့အပေါ် အင်ဒိုနီးရှားလွှတ်တော် အမတ်တွေက ထောက်ခံ ပြောဆိုလိုက်ပါတယ်။