သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-25
အောက်တိုဘာ ၂၄ ရက် မနေ့ က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပပြီးစီးသွားတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားမှာ NLD ပါတီ က ဗဟို ကော်မတီဝင် ဦးဝင်းတင်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်သူ သူရဲကောင်းအဖြစ် ဂုဏ်ပြုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
2010-10-25
ဒီကနေ့ အောက်တိုဘာ ၂၅ ရက် မနက် အစောကြီး၊ ကေအိုင်အိုဌာနချုပ် တည်ရှိတဲ့ တရုတ် မြန်မာနယ်စပ် လိုင်ဇာမြို့ ဈေးကြီး မီးလောင်ကျွမ်း ပျက်စီးသွားပါတယ်။ ကာလတန်ဖိုး ကျပ်ငွေ ကုဋေနဲ့ ချီပြီး ပျက်စီး ဆုံးရှုံးသွားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ မီးဘေးသင့်ခံရသူတွေကို ကေအိုင်အိုအဖွဲ့ကနေ ကူညီထောက်ပံ့မှုတွေ ပေးထားကြောင်း သိရပါတယ်။
2010-10-25
မကွေးတိုင်း ပခုက္ကူမြို့နယ် ညောင်လှ ကျေးရွာအနီးကနေ ဖြတ်သွယ်တန်းထားတဲ့ ကျောက်ခွက် အရာတော် ရေနံပိုက်လိုင်းဟာ မနေ့က နေ့လည်ပိုင်းမှာ ရေနံယိုစိမ့်မှု ဖြစ်ပွားခဲ့ရာကနေ ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ ဒေသခံ ပြည်သူ ဆယ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၇၀ နီးပါး ရှိတယ်လို့ သတင်းတွေ ရရှိပါတယ်။
2010-10-25
မကြာခင် စစ်အစိုးရပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းက တိုင်းရင်းသား လူအင်အား တထောင်ကျော်လောက် အောက်တိုဘာလ ၂၅ရက် ဒီကနေ့ မနက်ပိုင်းမှာ စုရုံးဆန္ဒပြခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
2010-10-25
NLD ပါတီရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်မဲ့ အစီအစဉ်များကို အောက်တိုဘာ ၂၅ ရက် ဒီကနေ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဆွေးနွေး ညှိနှိုင်းတယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးဟာ ပါတီအနေနဲ့ ရွေးကောက်ပွဲကို ဘယ်လို ဖြတ်သန်းမယ် ဆိုတာကို ဆွေးနွေးတာ ဖြစ်တယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။
2010-10-25
အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် ၂၂ နှစ် မြောက် အခမ်းအနားမှာ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
2010-10-24
ဂီရိမုန်တိုင်းနဲ့ ပတ်သက်လို့ ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ဌာန UN-OCHA က ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ရန်ကုန်မှာ ဒီကနေ့ ညနေ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး OCHA အစီရင်ခံစာ အမှတ် (၂) ကို ထုတ်ပြန်လိုက်ပါတယ်။
2010-10-24
ဒီကနေ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ် မြောက် အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံ ခေါ်ယူဖို့ လိုအပ်ကြောင်း လက်မှတ်ရေးထိုး ကြေညာလိုက်ကြပါတယ်။
2010-10-24
မြန်မာစစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ ဝ နယ်နဲ့ SSA မြောက်ပိုင်း ဌာနချုပ် အနီး ပတ်ဝန်းကျင်မှာ အခုရက်ပိုင်းအတွင်း စစ်အင်အားတွေ တိုးချဲ့ ချထားကြောင်း အပစ်ရပ်အဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းတွေအရသိရပါတယ်။
2010-10-24
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေကို ပြည်သူတွေ သိရှိစေဖို့ အသိပညာပေးတဲ့ စာရွက်တွေကို တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး မြို့နယ်အတွင်း ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။
2010-10-24
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Burma Campaign Australia အဖွဲ့က ဦးစီးပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်က ဗစ်တိုးရီးယားပန်းခြံမှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2010-10-24
ကန္တာရဝတီ သတင်းဂျာနယ် အယ်ဒီတာ ကိုညီညီထွန်းကို မြန်မာစစ်အစိုးရက ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တဲ့ အတွက် အမေရိကန်အခြေစိုက် CPJ ခေါ် စာနယ်ဇင်းသမားများ ကာကွယ် စောင့်ရှောက် ရေးအဖွဲ့က ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံဟာ တရုတ် နိုင်ငံပြီးရင် သတင်းစာဆရာတွေ အများဆုံး အကျဉ်း ချထားတဲ့ နိုင်ငံဖြစ်တယ်လို့ မှတ်ချက်ချလိုက်ပါတယ်။
2010-10-23
စစ်ကောင်စီရာထူး ကရော အစိုးရ ရာထူးကပါ အငြိမ်းစားယူပြီး ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေက တိုင်းဒေသကြီး ဝန်ကြီးချုပ် နေရာတွေ အလိုလို ရနေပြီလို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။
2010-10-23
စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို မြန်မာပြည်ဘက် ပြန်ပို့မယ်ဆိုပြီး သတင်းတွေ ထွက်နေချိန်မှာ အောက်တိုဘာလ (၂၂) ရက်နေ့က ထိုင်း နိုင်ငံခြားရေးဝန်ကြီး ခဆစ်ဖိရုမ်း ဟာ မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်းကို သွားရောက် လည်ပတ်ပြီး စခန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
2010-10-23
ကျောက်ဖြူမြို့နယ်အတွင်း မနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြို့ပေါ်မှာ လူတဦး သေဆုံးခဲ့သလို မြို့နယ်တွင်း ပျက်စီးမှု အများအပြား ရှိခဲ့ပြီး အရေးပေါ် ကူညီမှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။