သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-07
ဒီလ ၃ ရက်နေ့ လွှတ်တော် အစည်းအဝေးကနေ နိုင်ငံတော် ဒုသမတ အဖြင် ကြံ့ခိုင်ရေးပါတီ အမတ် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခန်းကို ရွေးချယ်လိုက်တာဟာ သူတို့ တိုင်းရင်းသားပါတီတွေ တောင်းဆိုခဲ့တဲ့ အချက်တွေနဲ့ မကိုက်ညီဘူးလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ် ။
2011-02-07
ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် နေ့လည် ၁ နာရီလောက်မှာ NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင်များ၊ အစည်းအဝေး ပြုလုပ်ပြီး မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ပါတီက ထုတ်ပြန်မဲ့ သဘောထား ကြေညာချက်ကို အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။
2011-02-07
စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ စစ်အစိုးရတပ်တွေ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၉ နာရီက ဗန်းမော်-မန်ဝိန်းကားလမ်း အနီးမှာ နှစ်နာရီကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2011-02-07
ဖေဖော်ဝါရီ ၈ ရက် လာမဲ့အင်္ဂါနေ့မှာ နိုင်ငံတော်သမတသစ် ဦးသိန်းစိန်ဟာ လွှတ်တော်မှာ ပထမဆုံး မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အစိုးရသစ် အဖွဲ့ဝင်တွေကိုပါ ရွေးချယ် ခန့်အပ်လိမ့်မယ်လို့လည်း ဆိုပါတယ်။
2011-02-06
တောင်ကိုးရီးယားနိုင်ငံ Haja အနုပညာ သင်တန်းကျောင်းက ကျောင်းသူ ကျောင်းသားတွေဟာ NLD မဖြူဖြူသင်း ကူညီဆောင်ရွက်နေတဲ့ HIV ဂေဟာနဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးစီး ဆောင်ရွက်နေတဲ့ နာရေးကူညီမှု အသင်းတွေကို ဒီကနေ့ သွားရောက်ခဲ့ကြပါတယ်။
2011-02-06
မနှစ်က ရန်ကုန်သြင်္ကန် ကန်တော်ကြီး X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ အတွက် ထိန်းသိမ်းခံထားရတဲ့ ဦးမောင်မောင်ဇေယျကို အင်းစိန် ထောင် အထူးတရားရုံးက ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
2011-02-06
စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်မယ့် ကြေညာချက်မှာ ပါရှိမယ်လို့ သိရှိရပါတယ်။
2011-02-05
ဒုတိယအကြိမ် ပင်လုံညီလာခံ ပေါ်ပေါက်အောင် ကြိုးစားသွားမယ့် အကြောင်း နှစ် ၅ဝ မြောက် ကချင် တော်လှန်ရေးနေ့ အခမ်းအနားမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။
2011-02-05
ရန်ကုန်တိုင်းအတွင်း ဆင်းရဲချို့တဲ့ တဲ့ ပြည်သူတွေရဲ့ နာရေးကိစ္စ တွေကို ကူညီဖို့ ဆန်း ဂရုဏာ နာရေးကူညီမှု အသင်းကို စေတနာရှင်တချို့က ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
2011-02-05
မြန်မာနိုင်ငံမှာ အခု ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကနေ ပေါ်ထွက်လာမယ့် အစိုးရအဖွဲ့သစ်အနေနဲ့ အတိုက်အခံ ပါတီကိုယ်စားလှယ်တွေကို ပိုမို နေရာပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2011-02-05
အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့သတင်း ထွက်လာချိန် မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Seiji Maehara က မြန်မာ့ဒီမိုကရေစီရေး မြှင့်တင် ဆောင်ရွက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
2011-02-04
ဂျပန်နိုင်ငံက အကြီးစား စက်မှှုအလုပ်သမားများ သမဂ္ဂအဖွဲ့ (JAM) က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ဆီကို သမဂ္ဂအနေနဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေပြီး မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပြည်တွင်း မြန်မာအလုပ်သမားတွေကိုလဲ ဘယ်လိုမျိုး ကူညီဆောင်ရွက်ပေးလို့ ရမလဲဆိုပြီး ဖေဖော်ဝါရီ ၄ ရက် ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ် မေးမြန်း ပြောဆိုခဲ့တယ်လို့ ကြားသိရပါတယ်။
2011-02-04
ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ရခိုင်ပြည်နယ်တွင်းက အခြား အကျဉ်းထောင်အသီးသီးကို ဖေဖော်ဝါရီ ၄ ရက် ဒီကနေ့ ခွဲပြီး ပို့လိုက်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
2011-02-04
ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်ကနေ မြန်မာနိုင်ငံရဲ့ သမတ အဖြစ် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ရွေးချယ် တင်မြှောက်လိုက်ပါတယ်။
2011-02-04
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စု အပေါ် ရာဇဝတ် ကျုးလွန်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ်မှာ နိုင်ငံတကာ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အဆိုကို ဘယ်လ်ဂျီယမ်နိုင်ငံက တရားဝင် ထောက်ခံထားတယ်လို့ Burma Action Belgium က ဖေဖော်ဝါရီ ၃ ရက် မနေ့က ပြောပါတယ်။