သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-19
စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ ကချင်လူထုကို အကူအညီပေးရေး အတွက် တရုပ်ပြည်မှာ နေထိုင်တဲ့ ကချင်ရိုးရာ ကော်မတီအဖွဲ့ဝင်တွေ မနေ့က ညပိုင်းက KIO ဌာနချုပ် လိုင်ဇာမြို့ကို ရောက်ရှိတယ်လာလို့ သိရပါတယ်။
2011-06-19
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့က အစ မလေးရှား၊ စင်္ကာပူ နိုင်ငံတွေမှာ ကျင်းပခဲ့ကြသလို၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဒိန်းမတ်၊ နော်ဝေ၊ သြစတေးလျနဲ့အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံ အတော်များများမှာ ကျင်းပခဲ့ကြပါတယ်။
2011-06-19
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်မှာ ဒီနေ့ နေ့လည် ၁ နာရီမှာ စတင် ကျင်းပခဲ့ပါတယ်။
2011-06-19
ဒီကနေ့ ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ် မြောက် မွေးနေ့မှာ မွေးနေ့ဆုတောင်းအဖြစ် ငြိမ်းချမ်းရေးကိုသာ လိုချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-06-19
သဘောတူညီချက်အတိုင်း အလုပ်သမားခံစားခွင့် အာမ,ခံ မပေးနိုင်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင် ရှာဖွေပေးရေး အလုပ်သမား အေဂျင်စီတခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင်တွေက ပိတ်လိုက်တယ်လို့ သိရပါတယ်။
2011-06-19
အပစ်အခတ် ရပ်စဲရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာဌာနချုပ်ကို သောကြာနေ့က ရောက်လာတယ်လို့ သိရကြောင်း တွေ့ဆုံပွဲမှာ ပါတဲ့ KIO အရာရှိတွေကို ကိုးကားပြီး ထိုင်းအခြေစိုက် ကချင်သတင်းဌာန KNG က ဖော်ပြထားပါတယ်။
2011-06-19
နိုင်ငံတကာက မြန်မာ့အရေး ကူညီ ဆောင်ရွက်သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ အင်တာနက်ကွန်ရက် စာမျက်နှာတခုကို ဒီကနေ့ နေ့စွဲနဲ့ ဖွင့်လှစ် ထုတ်ဝေလိုက်ပါတယ်။
2011-06-18
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီး နောက်ပိုင်း မိတ်ဆွေတွေပေးတဲ့ လက်ဆောင်တွေကို လူမှုရေးရန်ပုံငွေ ရရှိအောင် ရွှေဂုံတိုင် NLD ဌာနချုပ်မှာ ပြုလုပ်နေတဲ့ ဈေးရောင်းပွဲတော်မှာ ရောင်းချဖို့ လှူဒါန်းလိုက်တဲ့အတွက် ပစ္စည်းရောင်းရငွေ ၅ သိန်း နီးပါး ရရှိနေတယ်လို့ သိရပါတယ်။
2011-06-18
မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတဲ့အတွက် နိုင်ငံတကာ အနေနဲ့ကုန်သွယ်မှု ဆက်ဆံရေးတွေ တိုးမြှင့် လုပ်ဆောင်ဖို့အချိန် မတန်သေးကြောင်း ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ လစ်ဘရယ်ပါတီများ ညီလာခံမှာ မနေ့က တညီတညွတ်တည်း သဘောထား ပေးခဲ့ကြပါတယ်။
2011-06-18
သီတဂူဆရာတော် အရှင် ဉာဏိဿရ က နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းပြီး တိုင်းပြည်အတွက် ဆောင်ရွက်ကြဖို့ လိုအပ်ပုံကို ဒီကနေ့ မိန့်ကြားလိုက်ပါတယ်။
2011-06-18
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၆) နှစ် မြောက် မွေးနေ့အတွက် လှုပ်ရှားမှု တရပ်ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်ရှေ့မှာ မနေ့က ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2011-06-17
"ဖြစ်စေချင်သည် ဖြစ်စေ၊ မဖြစ်စေချင်သည် ဖြစ်စေ၊ တချို့ကိစ္စတွေက ဖြစ်သွားတဲ့အခါမှာ အကောင်းဆုံးရလာဒ်ရအောင်သာ ကြိုးစားရမယ်လို့ ထင်ပါတယ်။
2011-06-17
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ထိုင်း နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ တောင်အာဖရိက သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Douglas Gibson က ဒီနေ့ မနက်ပိုင်းမှာ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2011-06-17
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ မှတ်ပုံတင်နိုင်ရေး ကိစ္စ နဲ့ အိမ်ဖေါ် အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်ဖို့အတွက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။
2011-06-17
အပစ်အခတ် ရပ်စဲထားတဲ့ ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) အဖွဲ့ခေါင်းဆောင် တချို့ကို နေအိမ် အကျယ်ချုပ် ချထားတယ်ဆိုတဲ့ သတင်းတွေ မမှန်ကန်တဲ့ အကြောင်း NDA-K အရာရှိတဦးက အာအက်အေကို အတည်ပြု ပြောပါတယ်။