သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-17
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လာမဲ့ သုံးလအတွင်း သွားရောက် စုံစမ်းနိုင်ဖို့ စီစဉ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က RFA ကို ဒီကနေ့ မတ်လ ၁၇ ရက်မှာ ပြောပါတယ်။
2011-03-16
မြန်မာနိုင်ငံက သဘာဝ စွမ်းအင်လောင်စာတွေကို တရုတ်ပြည်ကို ပေးပို့ဖို့အတွက် ရခိုင်ပြည်နယ်ကနေ ပိုက်လိုင်းသွယ်တန်းနေတဲ့ လုပ်ငန်းဟာ အခုအခါ ဧရာဝတီမြစ်ကို ဖြတ်သန်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
2011-03-16
ဒီကနေ့ မတ်လ ၁၆ ရက်ထုတ် စစ်အစိုးရ သတင်းစာတွေထဲမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက လွှတ်တော်အမတ် ဦးခိုင်မောင်ရီက လွှတ်တော်အတွင်းမှာ တင်သွင်းတဲ့အဆိုကို NDF ပါတီဝင် နောက် အမတ်တဦးဖြစ်တဲ့ ဦးကြီးမြင့်ကနေ ချေပ ပယ်ဖျက်လိုက်တာကို ဖော်ပြထားပါတယ်။
2011-03-16
ဂျပန်နိုင်ငံဟာ သဘာဝ ဘေးအန္တရာယ်ဒဏ် ခံစားနေရပေမဲ့ မြန်မာနိုင်ငံအပေါ် လက်ရှိ ပေးနေတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲ မရှိပဲ ဆက်လက် ကူညီသွားမှာ ဖြစ်ကြောင်း JICA ခေါ် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ က ပြောကြားလိုက်ပါတယ်။
2011-03-16
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းက ကိုယ်စားလှယ်တွေနဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ မတ်လ ၁၆ ရက် ဒီကနေ့ ရန်ကုန် ဌာနချုပ်ရုံးမှာ တွေ့ဆုံ ဆွေးနွေးကြပြီး ပါတီရေးရာ ကိစ္စတွေနဲ့ ဒေသတွင်း အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2011-03-16
မြန်မာနိုင်ငံမှာ အင်တာနက်ကနေတဆင့် ပြည်ပနိုင်ငံတွေက တယ်လီဖုန်းတွေဆီ ဈေးသက်သက်သာသာနဲ့ ခေါ်နိုင်ခွင့်ကို သက်ဆိုင်ရာက တားမြစ် ပိတ်ပင်လိုက်ပါတယ်။
2011-03-16
ပြင်သစ်နိုင်ငံပါရီမြို့အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ရုပ်ရှင်ပွဲတော်က မြန်မာနိုင်ငံက အကျဉ်းကျနေတဲ့ စွယ်စုံရ အနုပညာသမား လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရကို လူ့အခွင့်အရေး လှုပ်ရှားသူ အနုပညာသမားဆု မတ်လ ၁၅ ရက် အင်္ဂါနေ့က ချီးမြှင့်လိုက်ပါတယ်။
2011-03-15
ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာအမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ မိမိတိုရဲ့ အရည်အသွေး တွေကို အမြဲမြှင့်တင်နေကြဖို့နဲ့ ရေရှည် ရည်မှန်းချက် ထားရှိကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အားပေး တိုက်တွန်းလိုက်ပါတယ်။
2011-03-15
ဂျပန်နိုင်ငံမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် နောက်ဆက်တွဲ အပျက်အစီးနဲ့ အသေအပျောက် စာရင်းတွေဟာ တနေ့ထက် တနေ့ များများလာတာ တွေ့ရပြီး မတ်လ ၁၅ ရက် ဒီနေ့ဆိုရင် သေဆုံးသူပေါင်း ၃,၄၀၀ ကျော်သွားပြီလို့ တရားဝင်စာရင်းတွေက ဆိုပါတယ်။
2011-03-15
မြန်မာ သင်္ဘောသား ၁၂ ယောက်ပါတဲ့ သင်္ဘောတစီးကို ဂျပန်ငလျင်ကြောင့် နောက်ဆက်တွဲ လိုက်လာတဲ့ ဆူနာမီ ရေလှိုင်း ဘေးရန်ကနေ ဂျပန်ကမ်းခြေစောင့်တပ်က ကယ်ဆယ်နိင်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-03-15
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံမြို့နယ်က လေပြင်းဒဏ်ခံရပြီး အိုးအိမ် ပျက်စီးသွားတဲ့သူတွေ ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူမှုရေး လူငယ်အဖွဲ့တွေက မိုးကာဖျင်စတွေ၊ အဝတ်အထည်တွေ သွားလှူကြပြီး ကျန်းမာရေး မကောင်းတဲ့သူတွေကို အခမဲ့ ဆေးကုပေးခဲ့ပါ တယ်။
2011-03-15
ဂျပန်နိုင်ငံမှာ အခုကြုံတွေ့နေရတဲ့ ငလျင်ဘေးကြီးမှာ ဝန်ကြီးချုပ် နာအိုတို ခန်းရဲ့ အစိုးရက ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကူညီဆောင်ရွက် ပေးနေတာတွေဟာ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အာဏာရှင် အစိုးရ ဆောင်ရွက်ခဲ့တာတွေနဲ့ နှိုင်းဆလို့ မရအောင် ကွာခြားတယ်လို့ ၂၀၀၈ ခုနှစ် နာဂစ်လေမုန်တိုင်းတုန်းက အခြေအနေတွေကို မမေ့နိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေက ပြောပြကြပါတယ်။
2011-03-15
မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားတဲ့ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက သံအရာရှိတွေဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ အရေးယူမှု ပြန်ရုပ်သိမ်းဖို့ တောင်းဆိုထားတဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တချို့နဲ့ပါ ရန်ကုန်မြို့က အီတလီသံရုံးမှာ မတ်လ ၁၅ ရက် ဒီကနေ့ နေ့လည်က တွေ့ဆုံခဲ့ကြပါတယ်။
2011-03-15
ဂျပန်အစိုးရက မြေငလျင် ဒုက္ခသည်တွေအတွက် အထောက်အပံ့တွေ ကူညီပေးနေပေမဲ့ အစားအစာနဲ့ ရေလုံလောက်မှု မရှိသေးကြောင်းနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်အစောပိုင်းမှာပဲ ဖူကူရှီးမား ဒိုင်အိချိ လျှပ်စစ်ဓာတ်အားပေး စက်ရုံက အနုမြူဓာတ်ပေါင်းဖိုမှာ တတိယမြောက် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
2011-03-15
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၁၄ ရက် မနေ့ညနေက ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ပြင်သစ်သံရုံး ယဉ်ကျေးမှူဌာနကို သွားရောက်ပြီး အဲဒီဌာနက ဖွင့်ထားတဲ့ ပြင်သစ်ဘာသာ သင်တန်းမှာ သင်ယူနေတဲ့ မြန်မာ ကျောင်းသူကျောင်းသား ၅၀ ခန့်နဲ့ တွေ့ဆုံခဲ့ ပါတယ်။